Chapter 27

1.2K 110 29
                                    

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရီခွန်းနန်းဆောင်မှာ ပြူတင်းတံခါးတွေဖွင့်ဟထားတာအပြင် တင်းတိမ်စကိုပါ အပေါ်သို့ ပင့်လိပ်ထားတာကြောင့် နေရောင်ခြည်က နန်းဆောင်အတွင်းပိုင်းထိဖြာကျနေပေသည်။လေပြေနုသွေးကလဲ ညှင်းသွဲ့သွဲ့တိုက်ခတ်နေတာမို့ နံ့သာအိုးထဲမှ မီး‌ခိုးငွေ့လေးများကပါ နန်းဆောင်အတွင်း သင်းပျံ့ ပျံ့နှံစွာလူးလာဝဲပျံနေလျက်ရှိပေသည်။

နန်းဆောင်တခုလုံးကို အဖြူရောင် ခန်းစီးလိုက်ကာတွေ တပ်ဆင်ထားသလို အသုံးပြုထားတဲ့ပစ္စည်းများကလဲ ရိုးရှင်းလှပေသည်။ စာဖတ်စားပွဲခုံပုလေးမှာ ငြိမ်ငြိမ်သက်သက်နဲ့ စာထိုင်ဖတ်နေတဲ့ နို့စိမ်းရောင်နုနုဝတ်ရုံနဲ့ ရီခွန်းနန်းဆောင်အရှင်သခင်ကလဲ အေးချမ်းတည်ငြိမ်စွာ ရှိနေသည်။

လေးလူံးစပ်ကဗျာစာပေအကြောင်းကို ဖတ်ရှုနေရင်းမှ စာလူံးတွေက ဝေ့ဝါးလာရတာမို့ မျက်လူံးမှိတ်ကာ ခေါင်းတချက်ယမ်းလိုက်မိသည်။

"ကြင်ယာတော် ဘာဖြစ်လို့ပါလဲ....."

အနီးပါးမှာ ဒူးဆစ်တုတ်ခစားလျက်ရှိတဲ့ အထိန်းတော်ကျင်းရိရဲ့ အမေးစကားကို ရိပေါ်မဖြေအားသေး။အခုရက်ပိုင်း ဘာဖြစ်နေမှန်းကိုမသိ။ရင်တွေတလှပ်လှပ်တုန်ကာ ခေါင်းကမူးနောက်နောက်ဖြစ်နေရသည်။

နဖူးပေါ်လက်ထောက်ရင်း မျက်နှာ‌တော်နုနုကတစထက်တစဖြူဖျော့လာတဲ့ ကြင်ယာတော်ကြောင့် ကျင်းရိအနီးကိုတိုးကပ်သွားမိရကာ

"ကြင်ယာတော်.....သတိထားပါဦး...ကြင်ယာတော်အရှင်...."

ကျင်းရိအသိပေးခေါ်ဆိုနေသည့်တိုင် ထောက်မှီထားတဲ့လက်တို့က ဖြေလျော့ကာ စားပွဲခုံပေါ်မျက်နှာအပ်ရင်း ငြိမ်သက်နေတဲ့ကြင်ယာတော်ကို စိုးရိမ်တကြီးနဲ့ လှုပ်နိုးခေါ်နေမိတော့သည်။

          ✨✨✨✨✨✨

ချင်နိုင်ငံက ရှောင်းဟူရဲ့နယ်စပ်မြို့လေးကို ‌လာရောက်ထိပါးတာမို့ စစ်သူကြီးဟောက်ရွှမ်းကို တာဝန်ပေးနှ်ိမ်နင်းစေခိုင်းလိုက်ပေမဲ့ စစ်မက်အရေးကသိပ်မကြာခင် ဖြစ်ပေါ်လာနိုင်မှာမိူ့ ရှောင်းကျန့်အပါအဝင် စစ်သည်များအားလူံး ချွေးသံတရွဲရွဲနဲ့ လေ့ကျင့်ရေးဆင်းနေကြရ၏။

ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို(ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို)Where stories live. Discover now