Chapter 29

1.1K 99 10
                                    

ကိုယ်ဝန်လရင့်လာတဲ့ ကြင်ယာတော်ဝမ်တယောက် ဗိုက်လေးတကားကားနဲ့ ဥယျာဉ်‌တော်ထဲ လမ်းလျှောက်လို့နေရပေမဲ့ မျက်နှာတော်ပြည့်ပြည့်လေးက အလိုမကျဟန် မျက်မှောင်လေးကျုံ့လို့....။

ရွှေစိတ်တော်ညိုရတဲ့အရေးက ရှိပေသည်။တခြားမဟုတ် အချိန်မလပ်စောင့်ကြည့်နေတဲ့ အထိန်းတော်မင်ကြောင့်သာ။

စာပေဖတ်နေပြန်လဲ ကိုယ်ဝန်သည်မို့ အညောင်းမိခံလို့မရပါဘူးဆိုပြီး တမျိုးတားသလို၊ပန်းချီဆွဲပြန်လဲ အာရုံစိုက်တာမျိုးမလုပ်ပါနဲ့လို့က တဖုံ၊ဗျစ်စောင်းတီးဖို့ကြံရွယ်တော့ သွေးနုတဲ့အချိန်မိူ့ စောင်းကြိုးမာမာတွေမကိုင်ပါနဲ့က တနည်းနဲ့။

ဘာမှမလုပ်ရမဲ့အတူတူ သလွန်ပေါ်လှဲနေပြန်တော့လဲ သွေးလေးမှာစိူးပါတယ်ဆိုပြီး လမ်းလျှောက်ခိုင်းတာမို့ မနက်ရော ညနေရောပါ ဥယျာဉ်တော်ထဲ ပတ်လျှောက်နေရသည်။ကြင်ယာတော်ဆိုပြီး ကန်လန်ကဆန်မလုပ်ရဲ။အရှင်မှအစပြုလို့ မယ်တော်ကြီးအပါအဝင် နန်းမတော်ကြီးရွှေနားတော်ထိပေါက်ကြားအောင် ကိုယ်လုပ်သမျှ ပြန်တိုင်တာကြောင့် အနေထိုင်ကျပ်ရသည်မို့သာ စိတ်လျော့ထားရခြင်းဖြစ်သည်။

"မြောက်နန်းကြင်ယာတော်ကို ရွှင်လီဂါရဝပြုပါတယ်...."

လမ်းလျှောက်နေရင်းမှ မြောက်ဆောင်တော်မိဘုရားက ဂါရဝပြုနေသည်ခြင်းကြောင့် ရိပေါ်စိတ်အရှုပ်ကြီးရှုပ်သွားမိရသည်။

"လမ်းလျှောက်ထွက်တာလား ကြင်ယာတော်...."

"အင်း...."

"နေရထိုင်ရ အဆင်ပြေရဲ့လား....မိန်းမသူတွေတောင် ကိုယ်‌ေလးလက်ဝန်နဲ့ဆို နေရထိုင်ရခက်ခဲတာ ယောက်ျားသားဖြစ်တဲ့ ကြင်ယာတော်က ပိုဆိုးမှာဘဲနော်....."

ဂရုဏာထားသလိုလို လှောင်သလိုလိုနဲ့ ရွှင်လီစကားကို အဲ့ဒါက မယ်မင်းအကြောင်းလားလို့ ရိပေါ်ပြောလိုက်ချင်ပေမဲ့ ပညာရှိအမျက်အပြင်မထွက်ဆိုတဲ့စကားပုံလိုဘဲ

"ဂရုစိုက်ပေးတာ ကျေးဇူးဘဲ ရွှင်လီ....ကောင်းက်ျုးပြုတဲ့ ရင်သွေးမို့လားမသိဘူး မယ်မင်းပြောသလို ကိုယ်တော်မှာမခက်ခဲ‌ေပဘူး...."

ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို(ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို)Donde viven las historias. Descúbrelo ahora