Chapter 62

1.4K 98 30
                                    

ထိန်ထိန်သာနေတဲ့ လပြည့်ဝန်းကြီးနဲ့အပြိုင် နန်းမြို့တော်ထဲရှိ အိမ်တိုင်း အိမ်တိုင်းမှာ အနီရောင် မီးပူံးလေးတွေ ချိတ်ဆွဲထားသလို ပွဲတော်ရက်ဖြစ်တာကြောင့် လမ်းမထက် ဥပဟိုဒီသွားလာနေကြတဲ့ လူများက အပြည့်။

နန်းမြို့ရိုးထက်မှာ ရှောင်းဟူရဲ့ ရေမြေ့သခင်နဲ့တကွ မိဘုရားကြင်ယာအပေါင်းကလဲ လွတ်တင်မဲ့ မီးပုံးလေးတွေ ကိုယ်စီကိုင်ကာ ဝတ်ကောင်းစားလှများနဲ့ စုံညီစွာ တက်ရောက်ကျင်းပကြသည်။

ဗဟိုရ်စည်က တီးခတ်မဲ့အသံကို အကုန်နားစွံ့လို့ စောင့်စားနေကြတဲ့အထဲမှာ  ရှောင်းဟူရဲ့ဧကရီကြင်ယာတော်လေးလဲ အပါအဝင်ဖြစ်သည်။ဘေးဘီကို ရိပေါ်တချက်ဝေ့ဝဲကြည့်မိတော့ ကြင်နာရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ရိပေါ်ကို လှမ်းကြည့်နေတဲ့ အရှင့်ရဲ့ မိဘုရားများကို တွေ့လိုက်ရသည်။

မသိကျိုးနွံ့ပြုထားပေမဲ့ ဘာလို့သည်လို ကြည့်နေကြလဲ ရိပေါ်ကောင်းကောင်းကြီးသိပါတယ်။ဘာလို့ဆို မျက်နှာထားကြီးခက်ထန်‌ နေသည့်အရှင်က ရိပေါ်ကို သိသိသာသာရှောင်ဖယ်ကာ သမီးတော်လေးနဲ့အတူ မယ်တော်ကြီးဘေးမှာ ရပ်ရင်း မီးပူံးလွတ်တင်ဖို့ စောင့်နေခြင်းကြောင့်ပင်။

ဟော ‌ကြည့်နေရင်း စောင့်နေကြရင်းမှာပင် ဗဟိုရ်စည်က ၈ချက်တီးခတ်လာပြီ။စည်တော်သံဆုံးတာနဲ့ အကုန်လှုပ်လှုပ်ရှားရှားဖြစ်သွားကြရကာ ကိုင်ထားတဲ့ မီးပုံးလေးတွေကို မီးထွန်းညှိလိုက်ကြတာကြောင့် မီးရောင်လက်လက်လေးတွေက ပိုးစုန်းကြူးလေးများပါ ညည့်ထဲမှာ တောက်ပဝင့်စားလိူ့။

လေပြေအနှောမှာ ကန္နရီလေးများကပြနေသည့်နှယ် တငြိမ့်ငြိမ့်နဲ့ ကောင်းကင်ယံထက် ပျံဝဲသွားကြတဲ့ မီးပူံးများစွာ။

ကြာဖူးသဏ္ဌာန် လက်အစုံကို နဖူးပြင်နဲ့ ထိကပ်ရင်း ဗုဒ္ဓဘုရားရှင်ထံ စိတ်မှန်းနဲ့ဦးခိုက်ကာ ဆုရည်ပန်လိုက်မိသည်။

*ရှောင်းဟူနိုင်ငံတော်နဲ့ တကွ ရေမြေ့သခင် အရှင်နဲ့ တိုင်းသူပြည်သားအပေါင်း အေးငြိမ်းချမ်းသာခြင်းအမှုကို ရရှိနိုင်ကြပါစေ။မကြာခင် မွေးဖွားလာမဲ့ နန်းသွေးရတနာလေးကိုလဲ ဘေးမသီရန်မခဘဲ လွယ်ကူချောမောစွာ ဖွားမြင်ပါရစေ။သွား‌ လေသူ အနောက်နန်းမိဘုရားကြီး လီရှင်းရှင်းလဲ ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေ။ဘုရားတပည့်‌‌တော်ကျနော်မျိုးမှာ ဖြစ်လေရာဘဝအဆက်ဆက် ချစ်ခြင်းမုန်းခြင်းကင်းတဲ့ ကိုယ်ဖြစ်ရပါလို့၏ အရှင်ဘုရား.....*

ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို(ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို)Tahanan ng mga kuwento. Tumuklas ngayon