Chapter 37

953 91 11
                                    

"ဘာပြောတယ်.....မောင်မင်း အခုဘာပြောလိုက်တယ်ဆိုတာသိရဲ့လား....."

ဝတ်ရုံလဲနေရင်းမှ ရိပေါ်လက်တို့ ရပ်တန့်သွားရသလို ကြားလိုက်ရသည့်စကားတို့ကြောင့် ကိုယ့်နားကို မယုံနိုင်စွာနဲ့ ကျင်းရိကို ထပ်မံမေးလိုက်မိသည်။

"အမှန်ပါဘဲ အရှင်....မနေ့ညက အရှင်မင်းကြီး တောင်ရွှေရေးဆောင်မှာ အိပ်ဆောင်ဝင်တယ်တဲ့.....မနက်က ညီလာခံကိုတောင် အဲ့ဆီကနေ တက်တာလို့ ကြားသိရပါတယ်......"

"မဟုတ်ဘူး....အရှင်က အဲ့လိုလုပ်မှာမဟုတ်ဘူး.....မောင်မင်းကြားထားရတဲ့ သတင်းက အမှန်မဟုတ်ဘူး....လုပ်ကြံပြောဆိုနေကြတာ....."

ရိပေါ်နှလုံးသွေးများ ရပ်တန့်သွားသည်ဟု ထင်မိ၏။လေတိုးသံ၊မနက်ခင်း ငှက်ငယ်များရဲ့ တွန်ကျူးအော်မြည်သံတို့ တဒင်္ဂမျှ တိတ်ဆိတ်သွားရသလို တကမ္ဘာလူံးမှာ ရိပေါ်တယောက်ထဲထီးတည်းကျန်ရှိတော့နှယ် ဆိတ်သုန်းသွားရသည်။

မဟုတ်ဘူးတခွန်းသာ တွင်တွင်ပြောရင်း ခုံပေါ်ကို အရုပ်ကြိုးပျက်ထိုင်ချလိုက်မိသည်။နှလူံးသည်းပွတ်တွေ မွမွကြွေ၍ ပူလောင်စူးရှလွန်းကာ အတွင်းကလီစာ‌တွေပင် အရည်ပျော်လုမတက်ခံစားနေရသည်။

ရှေ့တူရှူမှာရှိနေတဲ့ ကြေးမုံပြင်ကို လှမ်းကြည့်လိုက်မိတော့ မျက်ရည်စီးကြောင်းများနဲ့ အပူရုပ်ထင်ဟပ်နေသည့် မိမိမျက်နှာကို မှုန်ဝေဝါးစွာတွေ့လိုက်ရသည်။

*အို အဲ့ဒါက ငါ့ရုပ်သွင်မဟုတ်ဘူး....ငါကအပြုံးတွေနဲ့ ပျော်ရွှင်နေရမဲ့ အရှင်ချစ်မြတ်နိူးတဲ့ ဧကရီကြင်ယာတော်လေ....."

"ကြင်ယာတော်အရှင်....."

ကြေးမုံပြင်ကို မျက်ရည်တို့နဲ့ပြည့်ဝိုင်းနေတဲ့ မျက်ဝန်းတို့နဲ့စိုက်ကြည့်ရင်း ခေါင်းအတွင်တွင်ယမ်းကာ ပါးပြင်နုနုတို့ကို ကုတ်ခြစ်နေတဲ့ ကြင်ယာတော်ငယ်ကြောင့် ကျင်းရိစိတ်ပူပန်စွာနဲ့ခေါ်လိုက်မိသည်။

"အဲ့လိုမလုပ်ပါနဲ့ ကြင်ယာတော်ရယ်.....အီး ဟီး....."

သတ်ခါမှ သတ်ရော....ရိပေါ်လက်သွယ်သွယ်တို့ကို အတင်းဖမ်းဆွဲလိုက်တဲ့ ကျင်းရိက ငိုယိုကာ တောင်းပန်နေမိသည်။

ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို(ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို)Waar verhalen tot leven komen. Ontdek het nu