Chapter 4

1.5K 126 0
                                    

         သံခင်းတမန်ခင်းဖို့ ရှီဝမ်ကိုရောက်နေတဲ့ ဦးရီးတော်ရှောင်းကျိုးချန်က ဘုရင်ဝမ်ချီရန်ကို  ညီလာခံအတွင်းမှာတင် ရှောင်းကျန့်ပေးလိုက်တဲ့ ချိတ်ပိတ်ထားတဲ့ ရွှေရောင်သ၀ဏ်လွာကို ဆက်သလိုက်သည်။

         အိမ်ရှေ့စံ ဟိုက်ခွမ်းက ယူပြီး ဝမ်ဘုရင်နှင့်တကွ တခြားသော မှုးမတ်အပေါင်းကြား‌အောင် အသံထုတ်လို့ ဖတ်ပြသည်။

"ချစ်လှစွာသော အဆွေတော်ရှီဝမ်ဘုရင်မင်းမြတ်ထံသိူ့ ကျွန်ုပ် ရှောင်းကျန့် သ၀ဏ်လွာပါးရင်း ကျန်းမာစေကြောင်း ဆုတောင်းအပ်ပါသည်။" ကနေ အစချီတဲ့ ရှောင်းဘုရင်ရဲ့ သ၀ဏ်လွာကို ဟိုက်ခွမ်း ဖတ်ကြားနေရင်း

"နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်....."

        ခတ္တမျှနားလိုက်ပြီး ဒေါသကြောင့် တုန်ယင်နေတဲ့အသံကိူ ထိန်းကာ

"ရှီဝမ်ရဲ့ သားတော်တစ်ပါးနဲ့ လက်ဆက်ကာ မဟာမိတ်ပြုလိုပေသည်။သို့မဟုတ်ပါက မဟာမိတ်မပြုထားသည့်အတွက်...."

"ဘေးဘီဝန်းကျင်က စစ်မက်ပြုလာသော် ရှီဝမ်အနေဖြင့် စစ်ရေးနှိမ့်ပါးမည်ကို အထူးစိတ်ပူပန်မိကြောင်း လေးစားစွာနဲ့ အကြံပြုလိုက်ရပါသည်။...."

         ဒါသက်သက်မဲ့ ရှီဝမ်ကို စော်ကားခြင်းဖြစ်သည်ဟု ဟိုက်ခွမ်းယူဆလိုက်သည်။အတွေးနဲ့အတူ အိမ်ရှေ့စံကိုယ်တော်လေးမျက်နှာတော်က ဒေါသများနဲ့ တင်းမာခက်ထန်လို့နေပေသည်။

"အိမ်းးးး.....သံတမန်တော်ကြီးတိူ့ ရှောင်းဘုရင်ရဲ့ ကမ်းလှမ်းမှုအတွက် ကိုယ်တော် ဝမ်းသာမိတယ်...."

        အေးအေးလူလူပြောနေနိုင်သည့် ခမည်းတော်ကို ဟိုက်ခွမ်းတအံ့တဩလှမ်းကြည့်လိုက်မိသည်။

"မှန်ပါ....အရှင်မင်းကြီးအနေနဲ့ ဘယ်လိုသဘောထားသလဲ‌ဆိုတာ ကျွန်တော်မျိုးတို့ သိခွင့်ရှိပါမည်လော...."

          သေချာပေါက် လက်ခံမည်ဟု တွက်ဆထားတဲ့ ရှောင်းဦးရီးတော်ရဲ့ ပြုံးဆဆနဲ့အမေးကြောင့် ဟိုက်ခွမ်း ထိုလူကို စူးစိုက်ကြည့်လိုက်မိသည်။

"ကိုယ်တော်တို့ တိုင်ပင်ဆွေးနွေးရဦးမယ် သံတမန်တော်ကြီးရဲ့....ပြီးရင် အကြောင်းပြန်ပေးမှာမို့ အခုတော့ နားနေဆောင်မှာ အနားယူလိုက်ပါဦး....."

ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို(ချစ်သူ့ရွှေစင် သူ့ရုပ်သွင်ကို)Tempat cerita menjadi hidup. Temukan sekarang