မှန်ပေါ်မှာထင်ဟပ်နေသည့် ပုံရိပ်ကိုကြည့်ပြီး အနည်းငယ်ရှုပ်ပွနေသည့်ဆံပင်တွေကို Jeno အဆင်ပြေအောင် ခပ်မြန်မြန်သပ်တင်လိုက်သည်။ လက်ကောက်ဝတ်ပေါ်မှာ ကြည့်ကောင်းစွာရှိနေတဲ့ နာရီကိုလှမ်းကြည့်မိတော့ 8နာရီ15မိနစ်တိတိကို ညွှန်ပြလျက်။ပုံမှန်ထက် နည်းနည်းစောနေသေးသည်ဆိုပေမယ့် တက္ကသိုလ်ကျောင်းသားဘဝရဲ့အရသာကို ပထမဆုံးခံစားရမယ့်နေ့မှာ အရင်တုန်းကလို မနက်စာတောင်မစားနိုင်ဘဲ ကျောင်းကိုအပြေးအလွှားသွားမယ့်အဖြစ်မျိုး Jeno မကြုံချင်သေးပါ။
ကျောင်းချိန်ကျော်လွန်မှ အတန်းထဲရောက်လာတဲ့သူ့ကိုမြင်တိုင်း ချစ်လှစွာသောသူငယ်ချင်းနှစ်ယောက်ရဲ့ "မင်းကတော့ဖြစ်ပြန်ပြီလား" ဆိုသည့်မျက်နှာထားကို မြင်ယောင်မိတော့ ခေါင်းကိုအသာအယာယမ်းခါရင်း ရယ်မိလိုက်သည်။စာကြည့်စားပွဲပေါ်တင်ထားတဲ့ ကျောပိုးအိတ်ကို ကောက်လွယ်ပြီး အောက်ထပ်မှာ မနက်စာအတူစားဖို့စောင့်နေတဲ့ ထမင်းဝိုင်းဆီ ဦးတည်လိုက်သည်။
.............
နောက်ဆုံးလက်ကျန်coffeeကိုသောက်ပြီးနောက် Jenoထမင်းစားပွဲဆီကနေ အရင်ဆုံးထလိုက်သည်။
"ကျောင်းသွားတော့မယ် ဖေဖေ"
"ကောင်းကောင်းသွား"
ဖေဖေက ထုံးစံအတိုင်း ခပ်အေးအေးပြန်ဖြေသည်။
"သွားပြီနော် မေမေ"
"ကားကိုဂရုစိုက်မောင်း Jeno"
မေမေ့အပြောကို ခေါင်းငြိမ့်ပြီးသာ ပြန်တုန့်ပြန်လိုက်သည်။
............
ဆောင်းရာသီဖြစ်သည့်အလျောက် နွေးထွေးသည့်နေရောင်ခြည်နှင့်အတူ မြူနှင်းမှုန်တွေက ဖြာကျလျက်ရှိသည်။
Jenoက သူကျောင်းရောက်တဲ့အချိန်ကို စောလွန်းနေမလားဟုထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ သူ့ထက်စောရောက်နေတဲ့ကျောင်းသားအချို့ကို တွေ့လိုက်ရသောကြောင့် အနည်းငယ်စိတ်အေးသွားရသည်။
ခပ်လှမ်းလှမ်းကိုကြည့်မိလိုက်တော့ သူ့ကိုစောင့်နေပုံရတဲ့ Jaeminနဲ့Renjunကိုတွေ့ရသည်။
YOU ARE READING
Xanthophile
FanfictionXanthophile (n) a person who loves yellow -written in Burmese