Start

385 46 2
                                    


အချိန်အားဖြင့် ညနေလေးနာရီခန့်..။
ရှင်းလင်းနေသော အဝေးပြေးကားလမ်းမကြီးထက်တွင် ကားတစ်စီးက ပုံမှန်အရှိန်နဲ့ပြေးလွှားလျက်ရှိသည်။ လမ်းဘေးတစ်လျှောက်တွင်တော့ လယ်ကွင်းပြင်ကျယ်ကြီး‌တွေနဲ့သစ်ပင်တွေကလွဲပြီး သက်ရှိဟူ၍ဘာမှမရှိ။

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့် ကားစီးနေရင်း Jenoတဖြည်းဖြည်းအိပ်ငိုက်လာသည်။
ကားမထွက်ခင် ဖွားဖွားတို့အိမ်မှာ အဝစားခဲ့တဲ့နေ့လည့်စာကြောင့် ဗိုက်ပြည့်ကာ ပိုအိပ်ချင်နေသည်။
ဖေဖေကတော့ကားမောင်းရင်း‌ မေမေနဲ့စကားတွေဖောင်ဖွဲ့နေသည်မို့ Jeno အိပ်ငိုက်နေတာကို သတိထားမိပုံမပေါ်။
Jeno ကိုယ့်ကိုယ်ကို တတိယဘီးလေးလို့တောင် ခံစားမိလာသည်။

ကားပေါ်မှာဖွင့်ထားတဲ့ ဖေဖေ့အကြိုက် ခပ်ဆွေးဆွေးသီချင်းက Jenoရဲ့အိပ်ချင်စိတ်တွေက ဓာတ်ဆီလောင်းပေးနေသယောင်။
နောက်ဆုံး မေမေတို့ရဲ့စကားသံတွေကိုလည်း မကြားရတော့သလို သီချင်းသံကိုလည်း မကြားရတော့ပေ။
Jeno လုံးဝအိပ်ပျော်သွားပြီဖြစ်သည်။

.............

Jeno ဘယ်လောက်အကြာကြီး အိပ်မောကျနေခဲ့မှန်းတောင်မသိ။ သူနိုးလာတော့ နေဝင်ချိန်ရောက်နေပြီ။
ကားထဲမှာဘယ်သူမှမတွေ့သောကြောင့် အပြင်ကိုလှမ်းကြည့်မိလိုက်တော့ ကားကိုဖွင့်ပြီးစစ်ဆေးနေတဲ့ဖေဖေနဲ့ ဘေးမှာရပ်ကြည့်နေတဲ့မေမေ့ကို တွေ့လိုက်ရသည်။
ဒီအခြေအနေက ကားပျက်နေတာမှန်း ဘယ်သူ့ကိုမှသွားမမေးရင်တောင်အလိုလိုသိသည်။

ရောက်တက်ရာရာငေးနေတဲ့ Jenoရဲ့အာရုံတွေကို လမ်းဘေးက နေကြာပန်းခင်းကြီးက ဖမ်းစားသွားသည်။
မကြာသေးခင် ဖေဖေလက်ဆောင်ပေးထားတဲ့ကင်မရာကိုယူရင်း ဓာတ်ပုံရိုက်ဖို့အတွက် မေမေ့ဆီသွားခွင့်တောင်းရတော့သည်။
စိတ်ပူတတ်တဲ့မေမေက သိပ်ပြီးခွင့်မပြုချင်ပေမယ့် ဓာတ်ပုံရိုက်ဖို့ စိတ်အားထက်သန်လွန်းနေတဲ့
Jenoမျက်နှာကြောင့် အဝေးကြီးလျှောက်မသွားရဘူးနော်ဟု တဖွဖွမှာရင်း သွားခွင့်ပြုလိုက်၏။

မေ့မေ့ဆီကခွင့်ပြုချက်ရသည်နှင့် နေကြာခင်းရှိရာဘက်ကို ထွက်လာခဲ့သည်။
Jenoဘဝမှာ နေကြာပန်းကို အကြိမ်များစွာမြင်ဖူးသော်လည်း ဒီလိုမျိုး ပန်းခင်းကြီးကိုတော့ အခုမှပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်သည်။

XanthophileWhere stories live. Discover now