He Gave Me 72 Hours ........
"အစ်ကိုမသွားပါနဲ့"
"တောင်းပန်ပါတယ်"
"ချစ်တယ်မလား ကျွန်တော့်ကိုချစ်ရဲ့နဲ့..."
"မချစ်ဝောာ့ဘူး"
ကိုယ်နာနာကျင်ကျင်ပြုံးလိုက်မိတယ်
'လိမ်နေတာမလား'ဆိုတဲ့စကားတွေကိုတော့မပြောနိုင်တော့ဘူး
တစ်စက္ကန့်လေး လှုပ်ရှားလိုက်ရင်တောင်
ကိုယ့်လက်ထဲက အစ်ကို့လက်ကလေးလွတ်ထွတ်သွားမှာစိုးလို့ မလှုပ်ရဲခဲ့ဘူးကမၻာပျက်လုနီးနီးခံစားချက်တွေတပွေ့တပိုက်နဲ့အချိန်အပိုင်းအခြားလေး
"တစ်ပတ် တစ်ပတ်ပဲအချိန်ပေးပါ"
ဖြတ်ခနဲလှည့်ကြည့်လာတဲ့အစ်ကို့မျက်၀န်းတွေမှာ
မျက်ရည်စတွေရှိမနေခဲ့ေပမယ့်လို့ရီဝေဝေ"ရူတို ...အစ်ကို့မှာအဲ့လောက်အချိန်မရှိဘူး"
'ဘာလို့လဲ'ဆိုတဲ့စကားကိုအကျယ်ကြီးအော်ပြောလိုက်ချင်ပေမယ့် မျိုသိပ်လိုက်တယ်
"သုံးရက် ...
သုံးရက်ပဲ သုံးရက်ပဲကျွန်တော့်အနားမှာရှိနေပေးပါဦး
ပြီးရင် အစ်ကို့သဘောပါပဲ"အစ်ကိုကတွေဝေနေခဲ့တယ်
နောက်ဆုံး အစ်ကို့လက်ထဲကအိတ်လေးကြမ်းပြင်ပေါ်ကျသွားတဲ့အချိန်မှ အသက်၀၀ရှုရဲခဲ့တယ်
ဆိုးနည်းမျိုးစုံနဲ့ ဆိုးတတ်တဲ့အစ်ကို
တစ်ခါစိတ်ကောက်ရင် တစ်ပတ်လောက်ကြာတတ်တဲ့အစ်ကို က ဒီတစ်ခါမှာတော့ အဆိုးဆုံးပဲကိုယ်ပါကြမ်းပြင်ပေါ်ထိုင်ချလိုက်ရင်း မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့အုပ်ထားမိတယ်
အစ်ကိုကတော့ မလှုပ်မယှတ်နဲ့ရပ်နေတုန်းပဲ
နံရံပေါ်ကနာရီစက္ကန့်တံလေးရွေ့လျားသွားတာကိုကြားနိုင်တဲ့အထိ အိမ်လေးထဲမှာ တိတ်တိတ်ဆိတ်ဆိတ်....။အိပ်ယာပေါ်လှဲရင်းဖုန်းကြည့်နေတဲ့အစ်ကိုက တချက်တချက် ရယ်သံသေးသေးလေးထွက်လာသည်အထိ ရယ်မောနေတယ်
ကျွန်တော်မဟုတ်တဲ့ဘယ်သူကများ အစ်ကို့ကိုရယ်မောနိုင်စေပြန်တာလဲ