Plz Read At Your Own Risk!
“ ဟေ့ အဲ့တစ်ယောက်လာနေပြီ ”
ပြတင်းဘက်ကိုကပ်လျက်ထိုင်နေသည့်တစ်ဦးမှသတိပေးသံမှာလူသုံးဆယ်ကျော်လောက်ရှိသည့်အခန်းအတွင်း၌တိုးတိုးသက်သာထွက်ပေါ်လာခဲ့သည်
နွေအပူရှိန်မှာမပြင်းသော်ငြား အရှိန်မသေစွာဖြင့် ခပ်ငွေ့ခပ်ငွေ့ အနွေးဓာတ်တို့ကြောင့် အနည်းငယ် အိုက်စပ်စပ်နိုင်လှသည်
နောက်ဆုံးတန်းမှစကာ ရှေ့အတန်းထိ ထိုသတင်းစကားအားယူလာပြီးသည့်နောက် စာငုံ့ရေးနေသည့် ရွှေရောင်ဆံပင်ရှည်တွေနှင့် ကောင်လေးထံ အဆုံးသတ်အဖြစ်ရောက်ရှိလာသည်
အသင့်အနေအထားဖြင့် စာသင်ခန်းအ၀င်၀သို့ လှည့်လည်မျှော်ကြည့်ရာ တွေ့ရခဲလွန်းပါသည့် ကျောင်းအဆိုအရ
နှလုံးသားအေးခဲသူဆိုသူမှာ ပုံမှန်အတိုင်းဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထိုးထည့်လို့ အတန်းရှေ့မှဖြတ်လျှောက်သွားသည်ကိုတွေ့မြင်လိုက်ရတော့သည်“ မျက်လုံးလဲကျွတ်ထွက်သွားမယ်ဟာရူတို ”
ဘေးနားရှိသူငယ်ချင်းမှ တံတောင်နှင့်ထိုးကာမေးရင်းတစ်တန်းလုံးကျွတ်စီညံလာတော့သည်။
“ ကျောင်းကိုတစ်ပတ် ပတ်ပြီးဘာလုပ်တာလဲ မင်းကဘယ်လောက်ချောကြောင်း ပတ်ကြွားနေတာလား ”
ပတ်ခ်ဂျီဟွန်းဆိုသူမှာတော့ လက်ထဲကအသားညှပ်ပေါင်မုန့်ကိုကိုက်လိုက်ပြောလိုက်ဖြင့် အရမ်းကိုအရသာတွေ့နေလေ၏
“ မင်းသာအဲ့ပေါင်မုန့်မစားရမချင်းစိတ်ဆိုးမပြေပါဘူးဆိုရင်ငါလဲသွားနေစရာမလိုဘူးလေ ”
စားနေရင်းနင်သွားသူဂျီဟွန်းမှာဆို သူပြောတာဘာမှားလဲ အသည်းအသန်တွေးနေရ၏ ဒါပေါင်မုန့်လေးတစ်ခုပဲလေ ကျောင်းကိုပတ်ပြီး၀ယ်နေရာလိုလို့လားဟူ၍။
နေ့လည်စာစားရန်ကန်တင်းသို့သွားပါမှ ဂျီဟွန်းမှာသူငယ်ချင်းဖြစ်သူ၏ စေတနာတွေကိုမြင်လာရတော့၏
‘ ငါ့အတွက်ပေါင်မုန့်ရှာပေးတဲ့ပုံစံကတကယ်ရင်ထဲထိသွားပြီ ဒါမင်းရဲ့ငါ့အပေါ်ထားတဲ့ညီအစ်ကိုသံယောဇဉ်ကြောင့်ပဲဖြစ်မယ် ’