𝑢'𝑟𝑒 𝑚𝑦 𝑠𝑢𝑛𝑓𝑙𝑜𝑤𝑒𝑟🌻|•
“ ဟာရု! ဟာရု!!ဟာရု!! ”
မကြားချင်မှအဆုံးသူ့နာမည်ခေါ်သံက ကော်ဖီဆိုင်လေးထဲနေရာအပြည့်ယူနေလေရဲ့။
တရားခံကိုဖက်လက်စ စာအုပ်ရဲ့စာမျက်နှာတွေပေါ်ကနေကျော်ကြည့်ရင်းမျက်စောင်းထိုးတော့ ပြုံးနေလိုက်တာများ ...
အဲ့ဒီ့အပြုံးတွေပေါ့ ရုတိုဖြင့်သိပ်မုန်းတာ
ဘယ်အချိန်ဖြစ်ဖြစ်ခေါင်းထဲပေါ်လာပြီး အိမ်မက်ထဲထိကျူးကျူးေကျာ်ေကျာ်လိုက်လိုက်လာတဲ့ အပြုံးတွေ....‘ ဟွန့်’ ခနဲ အသံမည်တဲ့အထိ သူစိတ်ရှုပ်နေပါပြီ မကျေနပ်ပါဘူးဆိုတာကိုပြသနေပေမယ့် စာမျက်နှာအသစ်တစ်ခုကိုအကြည့်ပို့မယ်ကြံတိုင်း..မချိုမခါးကော်ဖီတွေဆီလက်လှမ်းလိုက်မိရင် ရှေ့ကိုတွန်းပို့ပေးတတ်တဲ့ ဖြူသွယ်သွယ်လက်တစ်ဖက်နဲ့တစ်စွန်းတစ်စ ထိတိုက်မိတိုင်း ဟာရူတိုရဲ့အာရုံစိုက်ရာ ဒါရိုက်ရှင်တွေက အနားမှာအမြဲလိုလိုရှိနေတတ်တဲ့အဲ့ဒီမိုးပြာရောင်လို ဖြစ်တည်မှုလေးဆီပဲ။
“ ဘာလုပ်နေတာလဲလို့ !! ”
အေးအေးဆေးဆေးလေးစာလာဖတ်တဲ့ဟာရုတိုက အဲ့ဒီကောင်လေးရဲ့နှောက်ယှက်မှုတွေခံနေရတာတစ်ပတ်ကျော်လောက်ရှိပြီ ဟာရူ အဲ့ဒီအပြုံးလှလှလေးနဲ့ကောင်လေးက စိတ်ဆိုးေနတာမျိုးဒေါသထွက်နေတာမျိုးတစ်ခါမှမမြင်မိခဲ့ဘူး။
မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးတွေကသူများတွေပြောသလိုမျိုး လှတယ် ဆိုတဲ့ အသုံးအနှုန်းလေးနဲ့အလိုက်ဖက်ဆုံးဆိုတာကိုတော့ တိတ်တဆိတ်သဘောတူမိတယ်။ပြုံးနေတဲ့သူကိုကြည့်ရင်းပေါက်ကရတေွအတွေးထဲရောက်လာတာသတိထားမိတာနဲ့ ခေါင်းခါလိုက်ရင်း အဲ့ဒီ့အစ်ကိုကြီးကိုကြည့်မိပြန်တော့ ဘာတွေကိုသဘောကျနေမှန်းမသိပေမယ့်သွားတန်းဖွေးဖွေးလေးတွေပေါ်လာတဲ့အထိ ရယ်မောနေတယ်
အလင်းရောင်တွေဖြာထွက်လာသလိုမျိုး သက်တံ့လေးတွေမြင်လိုက်ရသလိုမျိုး ဟာရူရင်ထဲ ငြိမ့်ငြိမ့်လေး
“ ကိုယ်က နေကြာတွေလာရှာတာ ”
စိတ်ကြိုက်ရယ်မောပြီးကာမှထွက်လာတဲ့အဖြေစကားက အနည်းငယ်ဝောာ့ကြောင်တောင်တောင်နိုင်တယ်လို့ဟာရုကတွေးမိတယ် မနက်ခင်းလေးလို နေရောင်ခြည်အကောင်းမွန်ဆုံးဖြာထွက်နေတဲ့အချိန်လည်းမဟုတ် ညနေခင်းကြီး မှာ နေကြာတွေလာရှာရတယ်လို့ ပြီးတော့
အဲ့အစ်ကိုရောက်နေတာကော်ဖီဆိုင်လေ ပန်းဆိုင်မှမဟုတ်တာလို့....