::Unicode::
ညတစ်နာရီရှိနေပြီဆိုပေမယ့်သူတို့နှစ်ယောက်က ေတာ့လက်ထဲမှာ မက်ဂျူဘူးတစ်ဘူးကိုယ်စီနဲ့ဟန်မြစ်ဘေးလာဆွေးနေကြတာ
အကြောင်းအရင်းကြီးကြီးမားမားမရှိပါပဲ တစ်ယောက်သောသူရဲ့အိပ်မပျော်လို့ဆိုတဲ့စကားတစ်ခွန်းနဲ့နှစ်ယောက်သားလာထိုင်ေနကြခြင်း။
"ပုံပြင်ပြောပြရမလား"
တိတ်တိတ်ဆိတ်ဆိတ် ရပ်၀န်းငယ်ကိုဖြိုခွဲလိုက်တဲ့ အသံလေး...
ဘေးကလူကိုတစ်ချက်စောင်းငဲ့ကြည့်တော့
သူပြောတာကိုခေါင်းလဲမညိတ်သလို ခေါင်းလဲမခါ လက်ထဲက မက်ဂျူဘူးကိုသာမော့လိုက်ရင်း ရှေ့တည့်တည့်ကိုပဲ ငေးနေသည်။"ကောင်လေးတစ်ယောက်ရှိတယ် သူကသူ့သူငယ်ချင်းကိုသဘောကျမိတယ်တဲ့လေ ဒါပေမယ့်သူကဘယ်လိုပဲကြိုးစားကြိုးစားဖွင့်ပြောဖို့အခွင့်မရခဲ့ဘူး"
"အရှုံးသမားကြီးလား"
တစ်ဖက်ကောင်လေးဆီမှပထမဆုံးထွက်လာသောစကားသည်ကိုင်ပေါက်ချင်စရာဖြစ်မနေဘူးလား
မပြောရင်လဲမပြောလို့ ပြောလိုက်ပြန်ရင်လဲနင့်ကနဲပဲ
ဘာဖြစ်ဖြစ် တစ်ဖက်လူကနားထောင်နေတာပဲဆိုတဲ့အသိနဲ့ ပြောစရာရှိတာကိုဆက်ပြောရမယ်မလား"တစ်နေ့မှာတော့ သူကအရဲစွန့်ပြီးဖွင့်ပြောဖို့ကြိုးစားတယ်တဲ့ သူသဘောကျတဲ့ လူကို ခဏတွေ့ကြရအောင်လို့ခေါ်လိုက်တယ်
ဒီလိုဟန်မြစ်ဘေးကခုံတန်းလေးမှာထိုင်ရင်းပေါ့"တစ်ချက်လှမ်းကြည့်လာတာကိုသိပေမယ့်
မသိချင်ယောင်ဆောင်ပြီးပြောစရာရှိတာကိုပဲ ဆက်ပြောဖို့ပြင်တယ်"နှစ်ယောက်သားဟန်မြစ်ဘေးမှာထိုင်နေရင်းနဲ့သူက အဲ့ကောင်လေးကို 'ကိုယ်မင်းကိုချစ်တယ်'လို့ရိုးရိုးလေးပဲဖွင့်ပြောလိုက်တယ်တဲ့"
"ဖွင့်ပြောတာရိုးရိုးတွေရှယ်တွေရှိလို့လား"
ဆူပုပ်ပုပ်ပြောလာသူကိုတစ်ချက်လှည့်အကြည့်မှာ ရီဝေဝေ မျက်လုံးတွေနဲ့ဆုံတယ်
ဒီတခါလဲမူးနေပြန်ပြီထင်ပါတယ် တစ်ဘူး
ေတာင်အကုန်မသောက်ရသေးတာကို....