Episode - 1

4.6K 360 1
                                    

နွေဦးရာသီ၏ အထင်ကရ နေမင်းကြီးမှာ ကောင်းကင်တွင် တောက်ပစွာထွန်းလင်းနေသည်။ လေတစ်ချက် ဝေ့တိုက်လိုက်တိုင်း နွေဦးရာသီ၏ ပန်းမျိုးစုံရနံ့တို့မှာ နှာဖျားဝ ကို ကျီစယ် ဆော့ကစားသွားသယောင်။ ရော်ရွက်ဝါများမှာလည်း မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေကြနေသည်မှာ အမည်းရောင် ကတ္တရာလမ်းလေးကိုပင် အဝါရောင်လမ်းလေးအဖြစ်ပြောင်းလဲ သွားလေ၏။ အမည်းရောင် ကိုင်းများ ဘောင်ခတ်ထားသော စာကြည့်မျက်မှန် အကြီး တစ်လက်အား တပ်ဆင်ထားသော ကောင်လေးတစ်ယောက်သည် အဝါရောင် လမ်းကလေး၏ အဆုံးသတ် စာကြည့်တိုက်ကြီးဆီသို့ ဦးတည်လျှောက်လှမ်းလာလေသည်။

လက်တစ်ဖက်မှာ စာအုပ်ကို ဖြန့်ကိုင်ရင်း အခြားတစ်ဖက်မှာတော့ စာအုပ်ကို ငုံ့ဖတ်လိုက်တိုင်း နှာခေါင်းရင်းဆီမှာ လျောလျောကျလာသော မျက်မှန်ကြီးကို ပင့်တင်ရတာနှင့်ပင် အလုပ်ရှုတ်နေလေသည်။ စာအုပ်ဖတ်နေရင်း စာကြည့်တိုက်ဆီသို့ လျှောက်လှမ်းလာသော ထိုကောင်လေးမှာ လမ်းပေါ်မှ မည်သူ့ကိုမျှ ဂရုမစိုက်သလို ပတ်ဝန်းကျင်မှ လူများမှာလည်း ထိုကောင်လေးအား ဂရုမစိုက်ကြပေ။ ထိုကောင်လေးရဲ့ ဟန်ပန်အမူအရာကတော့ ကျောင်း၏ ဂုဏ်ထူးဆောင် ကျောင်းသား တစ်ယောက် နှင့်လည်း တူသလို ကျောင်းလူမိုက်များ မျက်စိကျစရာ nerd တစ်ယောက် နှင့်လည်း တူနေပြန်သည်။

ထိုကောင်လေးမှာ စာကြည့်တိုက်ဆီသို့ ဝင်ခါနီး သူ့ဘေးနားမှ ဖြတ်သွားသော အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်အား လည်ပြန်လိုက်ကြည့်ရင်း

~~~~~ ကြားသားမိုးကြိုး သူလို လူမျိုးက စာကြည့်တိုက်ဘက် ခြေဦး.................................. ~~~~~

သူ့စကားပင် မဆုံးလိုက်။ အော်ဟစ်သံတစ်ချို့နှင့်အတူ စာကြည့်တိုက် တံခါးဆီမှာ ထွက်လာသော ကောင်မလေး အုပ်စုမှာ သူ့အား အရုပ်တစ်ရုပ်လို တိုက်သူကတိုက် တွန်းသူက တွန်းနှင့် နောက်ဆုံး ထိုကောင်လေးမှာ ကြမ်းပင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားလေသည်။

~~~~~ ဘယ်လို ဟာလေးတွေလဲ။ တစ်နေ့တစ်နေ့ အဲ့ကောင်နောက်ဘဲ လိုက်နေကြတယ်။ အဲ့ကောင်နောက်လိုက်မယ့် အချိန်တွေကိုသာ စာလုပ်ပစ်မယ် ဆိုရင် သူတို့ ကိုရီးယားမှာ အတော်ဆုံး ကျောင်းသား စာရင်းတောင် ဝင်နေလောက်ပြီ။ ~~~~~~~

My Giant Pupil Is My LoveWhere stories live. Discover now