Episode - 3

3K 361 6
                                    

တဖြည်းဖြည်း လျောဆင်းလာသော Oh SeHun လက်တွေက သူ့ရဲ့ ရင်ဘတ်ပေါ်ကနေ တဆင့် ခန္ဓာကိုယ် အောက်ပိုင်းဆီသို့ ဦးတည်နေ၏။

// Andwae.... ဟင့် ဟင့် Iphone ကယ်ပါ ကျွန်တော့်ဘဝတော့ Oh SeHun လက်အောက် နစ်ရပါတော့မယ် Iphone ရဲ့ T_T //

စိတ်ထဲမှာတော့ ကမ္ဘာပျက်မတတ် အော်ဟစ်နေပေမယ့် အပြင်မှာတော့ Oh SeHun လက်အောက် ပြားပြားဝပ်လို့။ အသက်ရှူတာတောင် ပြင်းပြင်းမရှူရဲတဲ့ ဘဝ။ ရှူလို့လဲ မရဖူးလေ။ ရှူကြည့်ပါလား Oh SeHun နှုတ်ခမ်းနဲ့ ကျွန်တော့် နှုတ်ခမ်း မိတ်ဆက်သွားမယ့်အခြေအနေ။

Lu : Se....se...

Hun : ရှူးးးးးးးး

တိတ်တိတ်နေဆိုတဲ့ ပုံစံနဲ့ဘဲ လုပ်ပြတာလား ဒါမှမဟုတ် တမင်သပ်သပ် လူကို မထိတထိ လုပ်နေတာလား ဆိုတာကိုတော့ Oh SeHun တစ်ယောက်သာ သေချာသိမည်။ သူ လုပ်တာက အရေးမကြီး ။ တခါတလေ Oh SeHun နှာခေါင်းဖျားဆီက လေငွေ့နွေးနွေးတွေများ သူ့လည်ပင်းသားကို လာရောက်ထိခပ်တိုင်း လူက နေမကောင်းချင်လာသလို ရင်ကတလှပ်လှပ်။ ကြက်သီးတွေထထ လာတာကတော့ ရေတွက်လို့ပင်မရ။

Lu : SeHun ငါ.....

Hun : ရှူး တိုးတိုးနေဆို....

ဒုတိယအချိန် Oh SeHun အာရုံတွေကို ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် အချည်းအနှီးသာ။ LuHan တစ်ယောက် ရင်တလှပ်လှပ်နှင့် Oh SeHun ကို မျက်လုံး အပြူးသား ကြည့်နေတုန်း ဝမ်းဗိုက်ပေါ်က လက်တစုံက အနောက်ဘက် ခါးကနေ တစ်ဆင့် တင်ပါးအောက် တိုးဝင်လာတော့ အပြူးသား မျက်လုံးတွေက လေးဆ ပိုပြူးသွားသယောင်။

Lu : SeHun-ah... မင်းဘာလုပ်....

Hun : LuHan-ah ငါတစ်ယောက်တည်း မရတော့ဖူး။ မင်းအကူအညီ ယူရတော့မယ် တင်ပါးနည်းနည်းကြွ....

နား နားဆီကနေ မထိတထိ တိုးဝင်လာတဲ့ စကားသံရဲ့ အဆုံးသတ်မှာတော့ LuHan တစ်ယောက် ထိုနေရာကနေ အငွေ့ပင် ပြန်ချင်လာသည်။ နဂိုကတည်းက အရေပြားအောက် သွေးကြောမျှင်တန်းလေးတွေကြောင့် ပန်းနုရောင် သန်းချင်နေတဲ့ ပါးပြင်တွေက အခုတော့ အနီရင့်ဘက်ကိုပင် ကူးသန်းချင်နေသလို အသွေးအသားထဲမှာ ပုံးအောင်းနေတဲ့ sang nam ja ဆိုတဲ့ စိတ်လေးကလဲ ထိုးထိုးထောင်ထောင် ထွက်လာလေသည်။

My Giant Pupil Is My LoveWhere stories live. Discover now