''~~ ကျစ်''
SeHun တစ်ယောက် ကိုယ့်ဘာသာကိုယ် ဖက်ခေါင်းအုံးလေးကိုခွပြီး အေးအေးဆေးဆေး သာသာယာယာအိပ်နေတုန်း အနောက်ကနေ သူ့ခါးကို အတင်းဖက်ပြီး သူ့ဘက်ပါအောင် ဆွဲယူနေသော လက်တစ်စုံကြောင့် စိတ်ပေါက်ပေါက်နဲ့ မျက်နှာချင်းဆိုင် ဖြစ်အောင် လှည့်လိုက်ရင်း boxer ကလွဲပြီး အဝတ်မဲ့သော LuHan ခန္ဓာကိုယ်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်... အဲ့တော့မှ ကိုယ်တော်ချောက သူ့ခြေထောက်နှစ်ချောင်းကြားထဲ ခြေထောက်တစ်ချောင်းကို အတင်းထိုးထည့်ပြီး ရင်ခွင်ထဲ မရမကတိုးဝင်ကာ အိပ်ပျော်သွားလေသည်...
ညတုန်းက ဒီကောင့်ကို ဘာကြည့်ပြီး ရင်ခုန်ခဲ့မှန်း သူ့ကို သူတောင်မသိ... ဒါပေမယ့် LuHan နှုတ်ခမ်းလေးတွေကတော့ နူးညံ့လွန်းတာ အမှန်။ သို့ပေမယ့်လဲ LuHan ဆိုတဲ့ ကောင်က လူကို feel ပျက်အောင် အရမ်းလုပ်လွန်းသည်... ဟိုတစ်ခါ အိပ်ယာပေါ်မှာတုန်းကလဲ feel လာပီဆိုမှ တွန်းထုတ်တယ်... အခုလဲ နမ်းနေလို့ကောင်းပြီ ဆိုမှ အိပ်ပျော်သွားတယ်လေ... နမ်းနေရင်းနဲ့ အိပ်ပျော်သွားတာ သူတစ်ကောင်ဘဲ မြင်ဖူးသေးတယ်...
ဒါနဲ့ ChanYeol တို့ရော အဆင်မှပြေရဲ့လား မသိ...
LuHan ကိုကြည့်နေရင်း ညဘက်က အဖြစ်အပျက်တွေကို ပြန်မြင်ယောင်မှ SeHun, ChanYeol တို့ကို သတိရသည်... ဖုန်းဆက်ကြည့်မှပါလို့ စိတ်ကူးရင်း ခေါင်းအုံးအောက်မှာ ထိုးထည့်ထားတဲ့ ဖုန်းကို လှည့်ယူဖို့ ပြင်လိုက်ပေမယ့် သူ လှုပ်လိုက်တာနဲ့ ဟို ကိုယ်တော်ချောက သူ့ခါးကို ပိုတိုးဖက်လိုက်နဲ့ဆိုတော့............. 😒😒
ဖုန်းကိုလှည့်မယူတော့ဘဲ စိတ်ပေါက်ပေါက်နဲ့ LuHan ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် တစ်ချက်ဖစ်ညှစ်လိုက်တော့ ဟိုက အင့်ခနဲတောင် အသံတစ်ချက် ထွက်လာလေသည်..
မှတ်ထား အဲ့လောက်တောင် ဖက်ချင်ဦး 😤
☆☆☆☆☆MGPIML☆☆☆☆☆
မနက်ခင်းရဲ့ နေရောင်ခြည် နွေးနွေးလေးတွေက အခန်းပြတင်းပေါက်ကနေတစ်ဆင့် သူ့ထက်ငါ အပြိုင် အလုအယက် တိုးဝင်လာလေသည်... သို့သော်လည်း ကုတင်ပေါ်မှ ကောင်လေးနှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အိပ်ပျော်နေကြလေသည်...
YOU ARE READING
My Giant Pupil Is My Love
FanfictionWhen LuHan become SeHun's guide, what will be happened????? *Yaoi* ♡HunHan♡ ~Burmese Sub~