Episode - 5

2.5K 328 15
                                    

အချိန်က အခုမှ ည 7 နာရီကျော်ရုံသာ ရှိနေသေးပေမယ့် အပြင်က လေတိုးသံသဲ့သဲ့ ကလွဲလို့ အရာအားလုံး တိတ်ဆိတ်နေလေသည်။ Oh SeHun အမေပြန်ရောက်တိုင်း နားထောင်နေကြ တယောသံလေးကလဲ ဒီနေ့ကျမှ တိတ်ဆိတ်နေလေတော့ အိမ်တစ်အိမ်လုံး အပ်ကျသံပင် မကြားရ... ဒါမှမဟုတ် သူ့အမေများ ပြန်မရောက်သေးလို့များလား??

ဖတ်လက်စ စာအုပ်လေးကို အနည်းငယ် လျောချပြီး ချောင်းကြည့်လိုက်တော့ Oh SeHun က ငြိမ်ငြိမ်သက်သက်နဲ့ ကျောင်းကပေးတဲ့ သင်္ချာ အိမ်စာကို ထိုင်တွက်နေလေသည်။ အဲ့ဒါကိုက ထူးဆန်းနေတာ... အရင်တုန်းက ကျောင်းကအိမ်စာ မပြောနဲ့ စာသင်မယ်ဆိုတာတောင် ဆိတ်ပါးစပ်လို ပွစိပွစိ ပြောပြီး ပတ်ပြေးနေတဲ့ ကောင်က ဒီနေ့မှ လိမ္မာနေပါရော့လား... Oh SeHun တို့အိမ်ကိုလာတဲ့ လမ်းတလျောက်လုံး Oh SeHun တစ်ယောက်တော့ သူ့ကိုတွေ့တာနဲ့ လှောင်ပြောင်ရီမောတော့မယ်လို့ ထင်ထားတာ... ဒါမှမဟုတ် အနည်းဆုံးတော့ သူ့မျက်နှာကြီး ပြုံးစိစိတော့ ဖြစ်နေမှာဘဲလို့ တွေးထားတာ...

ဒါမဲ့ တွေးထားတာနဲ့က လုံးဝ ဆန့်ကျင့်ဘက်... Oh SeHun တို့များ စာစသင်ကတည်းက ထူးထူးခြားခြားနဲ့ ငြိမ်သက်နေတာ စာရေးနေတဲ့ လက်ကလွဲလို့ တုပ်တုပ်တောင် မလှုပ်... အဲ့ဒါအပြင် သူ လုပ်ခိုင်းသမျှကိုလဲ ခွန်းတုံ့ပြန်ခြင်းမရှိဘဲ နားထောင်နေသေးသည်... အင်းးး သိပ်တော့ မသင်္ကာစရာဘဲ... မုန်တိုင်းမထန်ခင် လေငြိမ်နေတတ်သလိုဘဲ ဒီကောင် မွှေစရာရှိလို့ ငြိမ်နေတာများလား?? Oh SeHun ဆိုတဲ့ ကောင်က သိပ်ယုံကြည်ရတာ မဟုတ်ဖူး... သူ စာလာမသင်နိုင်အောင် ဒီကောင် ကြိတ်ကြံနေရင် ကြံနေမှာ။ ပြောလို့ ရတာမဟုတ်ဖူး...

Hun : LuHan

စာတွက်နေရင်း နားမလည်တဲ့နေရာတွေများလာလို့ စာမေးဖို့မော့ကြည့်လိုက်တော့ LuHan တို့ စာအုပ်ကြီးကိုင်ပြီး ငုတ်တုတ်များမေ့နေလားတောင်မသိ... ကိုင်ထားတဲ့ သမိုင်းစာအုပ်ကြီးကို မျက်လုံးပေါ်ရုံသာ လျောချထားပြီး မျက်မှောင်တွေကျုံလိုက် မျက်လုံးတွေမှေးသွားလိုက်နဲ့ တစ်ခုခုကို အသည်းအသန် စဉ်းစားနေသည့်ဟန်...

သူ ဒီလောက် မျက်နှာရှေ့သွားပြီး လက်ကြီး တားနေတာတောင် မသိပုံထောက်ရင်တော့..................

My Giant Pupil Is My LoveWhere stories live. Discover now