Episode - 2

2.8K 336 2
                                    

~~~ ဒုန်းးးး ဒုန်းးးး ဒုန်းးး ~~~

... ကဲ ခေါင်းလောင်းထိုးနေပြီ ကိုယ့်နေရာ ကိုယ်ထိုင်ကြတော့ ...

LuHan တစ်ယောက် ကြောက်တောင် တောင် နှင့် ရပ်ကြည့်နေတုန်း အခန်းတံခါးကို ကြိမ်လုံးဖြင့် တဖုံးဖုံးရိုက်ရင်း အတန်းရှေ့မှာ ရပ်နေသော Oh SeHun တို့ အတန်း၏ English ဆရာမ ပေါ်လာတော့မှ ပင် သူသက်ပြင်း ချနိုင်တော့သည်။

... ဒီအတန်းထဲက မဟုတ်တဲ့သူတွေ ကိုယ့်အခန်းကိုယ် ပြန်ကြမယ် ။ Oh SeHun ကိုယ့်နေရာ ကိုယ်ထိုင်မယ်။ ဟို ကျောင်းသား ဒီအတန်း က မဟုတ်ရင် ထွက်တော့ ...

ဒီအချိန်မှာ ကြိမ်လုံးကြီးတစ်ချောင်းနဲ့ သူ့ ကို နှင်ထုတ်နေသော ထိုဆရာမ ကိုသာ ကျေးဇူးပြေးတင်လိုက်ချင်တော့သည်။ ဆရာမ စကားဆုံးသည်နှင့် ပြာကျမတတ် သူ့ကို စိုက်ကြည့်နေသော Oh SeHun အကြည့်တို့ကို မျက်ကွယ်ပြုကာ သုတ်ခြေတင် ပြေးထွက်ခဲ့လိုက်သည်။

// ငါ အဲ့လို လူမျိုးနဲ့ ဘယ်လို နှစ်ပါးသွားရမလဲ :( //

လူကသာ စာသင်ခန်းထဲ ပြန်ရောက်နေပေမယ့် စိတ်တွေကတော့ Oh SeHun ဆိုသည့် ငနာလေးနှင့် ဘယ်လို နှစ်ပါးသွားရမလဲ ဆိုတာသာ တွေးနေမိသည်။ သူ့ဦးလေးဆီမှာ မသင်နိုင်တော့ဖူး ဟု အခုချက်ချင်း ပြန်ငြင်း လိုက်ချင်ပေမယ့် Iphone မျက်နှာလေးက ခေါင်းထဲ ပေါ်လာပြန်တော့.... ဟင်းးးးးး သက်ပြင်းကြီးသာ ကြိတ်ကြိတ်ချနေမိတော့သည်။

           xxxxxxxxxxxxxxxxxxxxxxxxxx

RINGGGGGGG~~~~~~

အခုမှ စာထဲ စိတ်ပါကာစ ရှိသေး မကြားချင်ဆုံးသော ခေါင်းလောင်းထိုးသံကြီး ကြားလိုက်ရ၍ LuHan တစ်ယောက် စိတ်ပျက် လက်ပျက်နှင့် စားပွဲခုံပေါ် မှောက်ချပလိုက်သည်။ ဒါကို သူ့ဘေးနားတွင်ထိုင်သော သူ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းက

Baek : LuHan မင်း ကြည့်ရတာ ဒုက္ခ တစ်ခုက လွတ်မြောက်သွားတဲ့ ပုံနဲ့။ ဘာလဲ ဒီနေ့ စာသင်ရတာ စိတ်မပါလို့လား??

အောင်မလေးဗျာာာ ပြောရက်ပါပေ့။ ဒုက္ခက လွတ်မြောက်သွားတဲ့ ပုံနဲ့တဲ့။ မဟုတ်ဖူးဟေ့ ဒုက္ခ က အခုမှ စရောက်မှာ င Baek ရဲ့။

My Giant Pupil Is My LoveDonde viven las historias. Descúbrelo ahora