Hun : Luuuuuuuuuuuuuuuu jagiiiiiiiiii :*
LuHan တစ်ယောက် အေးအေးဆေးဆေးနဲ့ စာကြည့်တိုက်မှာ စာထိုင်ဖတ်နေတုန်း စာကြည့်တိုက် အဝကနေ သူ့နာမည်ကို အော်ကြီးဟစ်ကျယ် အော်ခေါ်ကာ ပြေးလာသောသူ ကြောင့် စာဖတ်နေရာကနေ ခေါင်းထောင်ကြည့်လိုက်တော့
Lu : O_O အွီ ဂလု
ဘယ်သူများ ထင်လို့လဲ?? ကျောင်းရဲ့ အကျော်အမော် မင်းသား Oh SeHun ရယ်ပေါ့။ လက်ကြီးနှစ်ဖက်ကို အရှေ့ကို ဆန့်ထုတ်ပြီး နှုတ်ခမ်းကြီးကို တတောင်လောက် ထော်ထားပြီးတော့ ကျွန်တော်ထိုင်နေတဲ့ စာကြည့်ခုံနားကို အဲ့ပုံစံကြီးနဲ့ ပြေးလာတဲ့ သူ့ပုံကြီးကို ကြည့်ပြီး လူက ကြက်သီးတွေ ထလာတာဆိုတာလေ ပြလို့ရရင် ပြလိုက်ချင်တယ်။ ဒါနဲ့တင် မပြီးသေးဖူး။ သတိရလို့ ပြေးမယ်ကြံတော့ ဟော့ဒီသကောင့်သား ခြေထောက်တွေက ခြေချုပ်မိထားသလို တစ်လှမ်းမှ မရွေ့။
အဲ့တော့ ကိစ္စက ချောပြီပေါ့။ ထိုင်ခုံပေါ်မှာ ကျောက်ရုပ်ကြီးလို ထိုင်ပြီး မျက်စိရှေ့တည့်တည့်မှာ နှုတ်ခမ်းကြီးကို တတောင်လောက်ထော်ထားတဲ့ Oh SeHun မျက်နှာကြီးကို မော့ကြည့်လိုက်တော့ အံမယ် ကိုယ်တော်ချောက နှုတ်ခမ်းတောင် သပ်ပြနေသေးတယ်လေ။ အခြေအနေ မဟန်တော့မှန်းသိလို့ စိတ်ထဲကနေ ထဖို့ ပြင်လိုက်ပေမယ့် တဖြည်းဖြည်း ငုံ့ကျလာတဲ့ Oh SeHun မျက်နှာကြီးက LuHanရေ နောက်ကျသွားပြီလို့ ပြောနေသယောင်။ အဲ့တော့ ဘာမှ မတတ်နိုင်တဲ့ အဆုံး ထိုင်ခုံကြီးကို အတင်းဆုပ်ကိုင်ပြီး သူ့မျက်နှာကြီး ရှေ့တိုးလာတိုင်း တဖြည်းဖြည်း ထိုင်ခုံကို နောက်လှန်ချလိုက်ရင်းးးးးးးးးးးး ချလိုက်ရင်းးးးးးး
~~~~ ဝုန်း ~~~~
~~~~ ဒုန်း ~~~~Lu : အောင်မလေးးးးး သေပါပြီဗျ
ထိုင်နေသော ထိုင်ခုံနှင့်အတူ လဲကျသွားတဲ့ ကျွန်တော့်ကိုယ်က ကြမ်းပြင်ပေါ်မှာ ကားယားကြီး။ အရင်ဆုံး နာတာကို မတွေးနိုင်သေးဖူး။ ဖြတ်ခနဲ ခေါင်းထဲရောက်လာတဲ့ အိမ်မက်ကြီး တကယ်မဟုတ်တာကိုဘဲ တွေးပြီး ရယ်နေမိတယ်။ ရယ်လို့ဝသွားပြီဆိုမှ လဲကျသွားတဲ့ ထိုင်ခုံကို ပြန်ထောင်ဖို့ ထရပ်လိုက်တော့............ အလိုလေးးးးး ထိုင်ခုံဘေးမှာ လဲကျနေတာ Oh SeHun ရယ်ပါလား?? ကျွန်တော် အိပ်မပျော်ခင် အချိန်ထိ စာလုပ်နေတဲ့ သူက ဘယ်လို ဖြစ်လို့ ကျွန်တော့်ထိုင်နေတဲ့ ထိုင်ခုံအနောက်မှာ လာအိပ်ပျော်နေပါလိမ့်။
YOU ARE READING
My Giant Pupil Is My Love
FanfictionWhen LuHan become SeHun's guide, what will be happened????? *Yaoi* ♡HunHan♡ ~Burmese Sub~