အခန်း (၁၆)

530 63 0
                                    

Unicode

စင်သီယာ၏အိမ်လေးသည်တိတ်ဆိတ်လို့နေသည်။ဧည့်ခန်းထဲရှိတစ်ယောက်စာစားပွဲခုံလေးတွင်သီယာနှင့်လီယွန်ကတစ်ဖက်၊နေသန်နှင့်Quကတစ်ဖက်လူလေးယောက်နှစ်ဖက်ဆီခွဲကာထိုင်နေကြသည်ဖြစ်သည်။လီယွန်မှာသူ့ကိုယ်သူသန့်ရှင်းရေးလုပ်နေရင်းပွဲကြည့်နေ​ပြီးစင်သီယာကတော့စကားစရန်အကြောင်းရှာနေသည်။

သီယာQuကိုစိုက်ကြည့်နေသည်မှာစလာကတည်းက။Quကပထမတော့ကြောက်ပုံပေါ်ပေမယ့်လို့နောက်ပိုင်းအေးဆေးသာဖြစ်နေဖြင့်နေသန်ပင်အံ့ဩလို့နေရသေးသည်။လီယွန်ကခြေထောက်လေးကိုလျှာနှင့်ယှက်ရင်းတစ်ခါသူ၏မျက်လုံးလေးလှန်ကာကြည့်လာသည်။ဘာမှမထူးခြားသေး။ထို့ကြောင့်စိတ်အေးလက်အေးကိုယ့်အာရုံနဲ့သာသန့်ရှင်းရေးအားဆက်လုပ်နေလိုက်​၏။

"မင်းက ယောင်္ကျားလေး.."

"အမ်း"

"..."

"တကယ်ယောင်္ကျားလေးလား"

"မယုံရင် ကြည့်ကြည့်မလားဗျ?"

"..."

Quကခပ်တည်တည်နှင့်ခပ်ဆတ်ဆတ်ပင် ထိုစကားကိုပြောလိုက်သောကြောင့်စင်သီယာတစ်ယောက်မျက်လုံးပြူးသွားရပြန်သည်။နေသန်ကတော့သဘောကျသွားသဖြင့်ခပ်ဟဟရယ်သည်။ပြီးတော့သူ့၏ပူးတူးတူးလေးအားမယုံနိုင်သလိုခေါင်းကိုခါးရမ်းလျက်သီယာ့အားမျက်ခုံးပင့်ကာနိုင်ရဲ့လားလို့ကြည့်နေလေသည်။

"ဟဟ .. I like him and please .. for god sake .. မကြည့်ပရစေနဲ့ ယုံပါတယ် ငါကမင်းစိတ်ဆိုးမလားလို့စလိုက်တာပါ ကံဆိုးတာပဲ မင်းကလည်းခေသူမဟုတ်ဘူးပဲ"

စင်သီယာကQuကိုပေါ်တင်ချီးကျူးလိုက်သည်။တကယ်လည်းစိတ်ထဲကထိုသို့သတ်မှတ်ပြီးသားဖြစ်သဖြင့်သူမ၏မျက်နှာတွင်Quအားနှစ်လိုဖွယ်သောအကြည့်များကထင်းလို့နေသည်။ထိုအကြည့်များကိုနေသန်မြင်မှပဲသူစိတ်ထဲ၌ရင်အေးသွားရသည်။

နေသန်သက်ပြင်းချတော့စင်သီယာကပြုံးကာနေသန့်အားQuမမြင်အောင်ပြုံးရင်းမျက်လွှာတွေကိုအောက်သို့ဖြည်းညှင်းစွာချကာပြသည်။

သဘောကသီယာသည်Quအားသဘောကျနှစ်ခြိုက်သလိုလက်လဲခံသည်ဟုညှင်သာစွာအတည်ပြုပေးလိုက်ခြင်း။ပြီးမှပြုံးရွှင်စွာနှင့်စကားစလေသည်။

A Sweven Elegy From NatureWhere stories live. Discover now