အခန်း (၈)

970 126 1
                                    

Unicode

"မနက်ထလိုက်တဲ့အချိန်တိုင်းမှာ
ပထမဆုံးအတွေးထဲပေါ်လာတာက မင်း.."

Quကုတင်ပေါ်ကနေခြေချလိုက်သည်နှင့်အတွေးတွေကိုဖြန့်ကြက်ပစ်လိုက်သည်။ထို့နောက်လွမ်းမောစွာဖြင့်ပြတင်းပေါက်အပြင်သို့ငေးကြည့်နေမိပြန်သည်။

ပြီးမှမျက်လုံးကိုပွတ်၊သွားတိုက်ဖို့ကိုယ်တိုင်လုပ်ထားသည့်သွားတိုက်တံကိုယူရင်း ရေချိုးခန်းလို့ပုံစံထင်ရတဲ့အခန်းဆီတန်းသွားလိုက်ပြီးရေချိုးခန်းကြေးမုံမှာပေါ်လာတဲ့ကိုယ့်ရဲ့စုပ်ချာချာပုံရိပ်ကိုကြည့်လိုက်သည်။ဒီတစ်ခါလဲငေးမောကာကြည့်နေရပြန်သည်။

"ငါမင်းရဲ့အပြုံးတွေကိုကြိုက်တယ်၊မင်းရဲ့အနံ့အသက်တွေကိုမြတ်နိုးတယ် မင်းရဲ့အသံခပ်အောအောတွေကိုချစ်တယ်"

"ထွီး.."

ဆေးဖက်ဝင်အပင်တစ်ပင်ကနေရတဲ့ပင်စည်အနှစ်တွေကိုသွားတိုက်ဆေးအဖြစ်သုံးကာသွားတိုက်ဆေးတွေကိုပလုတ်ကျင်းထွေးထုတ်လိုက်သည်။ထို့နောက်ရေဖြင့်ထပ်မံပလုတ်ကျင်းလိုက်ကာတစ်ဖန်မျက်နှာကိုပြန်မော့လိုက်သည်။

"ဟဟ ငါမင်းအကြောင်းတွေအများ
ကြီးတွေးမိသွားပြီထင်တယ်.."

Quရေချိုးခန်းထဲမှထွက်လာပြီးလမ်းတစ်လျှောက်မှာရှိတဲ့တဘက်တစ်ထည်ကိုဆွဲယူလိုက်ပြီးမျက်နှာကိုခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။

"မင်းကငါ့ကိုကြောက်ရွံ့စေတယ်"

ကုတင်ပေါ်ထိုင်ကာပေါင်ပေါ်လက်နှစ်ဖက်တင်ရင်Quသက်ပြင်းကိုချဖြစ်တယ်။

"တစ်ခါတစ်လေ .. အချစ်ကိုပုံသဏ္ဌာန်အမျိူးမျိုးနဲ့တွေ့မြင်နိုင်တယ်ထင်ပါ့ ထိုသူရဲ့မျက်ဝန်းကနေလား မျက်ခုံးကနေလား အပြုံးကနေလား အငွေ့အသက်ကနေလား ဒါမမှမဟုတ် စိတ်ဝိညာဉ်ကနေလား.."

လှေကားကနေတစ်ထစ်ချင်းဆီခြေလှမ်းပြီးမနက်စာစားဖို့မီးဖိုခန်းထဲဝင်လိုက်တော့ထောပတ်ယိုတစ်ချို့နှင့်ကွတ်ကီးတစ်ချို့စားပွဲပေါ်မှာပြန့်ကျဲလို့နေတာကိုQuတွေ့လိုက်ရပါသည်။

A Sweven Elegy From NatureWhere stories live. Discover now