အခန်း (၁)

11.4K 490 6
                                    

Unicode

Giethoorn မြို့လေးသည်ယနေ့မိုးတွေသည်းထန်စွာရွာသွန်းနေလေ၏။မိုးစက်မိုးပေါက်လေးများ၏မြေကြီးပေါ်နှင့်၊မြစ်ရေပေါ်သို့တစ်ပေါက်ပေါက်ကျနေသော အသံများဟာမြို့လေးထဲတွင်ပဲ့တင်ကာထွက်လို့နေလေ၏။မိုးချိန်းသံနှင့်လျှပ်စီးလက်သံတို့ကားအချိန်ခဏအတွင်းထပ်ကာထပ်ကာပဲ့တင်မြည်ဟီးလို့သွားပြီးကောင်းကင်ယံထက်မှိုင်းညို့ညို့တိမ်များကိုပို၍တိုးလာစေ၏။

​မြစ်ရေစီးကြောင်းအလိုက်စီရီကာတည်ဆောက်ထားသော Cottageအိမ်လေးများသည်ယခုမူချိတ်ပိတ်ကာထားကြလေပြီးလူမရှိ၊သူမရှိ မှောင်မဲလို့နေကာမြို့လေးသည်လဲတိတ်ဆိတ်လို့နေ၏။ဒီလိုနှင့် တစ်ပေါက်၊တစ်ပေါက်ကျနေသောမိုးစက်သံလေးများနောက်လိုက်ပါသွားပါလျှင်ခပ်သဲ့သဲ့ကြားရလိမ့်မည်ဖြစ်သောသွေးပျက်ဖွယ်ရာအသံတစ်ချို့ကိုကြားရလိမ့်မည်ဖြစ်သည်။

အနက်ရောင်ဝတ်စုံများနှင့်လူတစ်စု။ကိုယ်စီကိုယ်စီထီးအနက်ရောင်များကိုကိုင်ဆောင်ကာထားကြပြီးမျက်နှာတွေဟာလဲညှိုးရော်လို့နေသည်။တချို့ကနှင်းဆီဖြူတစ်ချို့ကိုလက်၌ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့ထားကြပြီးတချို့ကတော့စာအိတ်ဖြူသေးသေးလေးတွေကိုကိုင်ထားကြသည်။ထိုအုပ်စု၏အလယ်တွင်မှာတော့ အလောင်းမဲ့အုတ်ဂူလေးတစ်ခုတည်ရှိ၏။

ထိုအုတ်ဂူလေး၏တစ်ဖက်တစ်ချက်တွင်အရုပ်ကျိုးပျက်ထိုင်ကျကာနေသော သူနှစ်ယောက်မှာငိုပါများလာသောကြောင့် ဆက်ကာငိုပင်မငိုနိုင်တော့ဘဲမျက်နှာတည်ကာအသက်မဲ့သွားကြတဲ့အဆင့်သို့ပင်ရောက်နေကြပြီ။အုတ်ဂူလေး၏ရှေ့တွင်လည်း မိုးရေများတစ်ကိုယ်လုံးစွတ်စွတ်စိုကာရွှဲလျက်ခွေအိပ်နေသည့်ကြောင်နက်လေးတစ်ကောင်လဲရှိလေ၏။

"ဘာတွေများမှားသွားခဲ့လို့လဲ"

အုတ်ဂူလေးကိုအသာထိရင်းဘေးနားရှိကောင်လေးဟာထိုသို့တီးတိုးရေရွတ်လေသည်။

"ငါတို့ ဘာတွေများမှားသွားခဲ့လို့လဲ..."

ဂျိန်း။

A Sweven Elegy From NatureWhere stories live. Discover now