2nd Arc

232 34 6
                                    

( ၁ )

သူထွက်ပြေးလာခဲ့တယ်။ လေးနှစ်အရွယ်သမီးလေးကို ပိုက်ပြီး သူအဲ့ဒီမြို့ကနေ ထွက်ပြေးလာခဲ့တယ်။
အကြွေးတွေဆီကနေလည်းထွက်ပြေးလာခဲ့တယ်။ ကံကောင်းခြင်းတရားဟူ၍ သူ့အတွက်တစ်စက်တစ်လေမျှ ဖြစ်ပေါ်လာပေးခြင်းမရှိတဲ့မြို့ကနေထွက်လာခဲ့တယ်။ ဇိန်း ဟာ သူ့ရဲ့သမီးလေး လူစီ ကို ချီမလိုက်ရင်း သူနောက်ဆုံးအကြိမ်မြောက်စီးရမဲ့ အဝေးပြေးကားပေါ်ကို တတ်လာခဲ့လိုက်တယ်။ ဒီအဝေးပြေးကားကိုသာ စီးပြီးသွားရင် သူအရမ်းမုန်းတဲ့ မြို့နဲ့ မိုင်ထောင်ချီလောက်တောင် ဝေးနေလောက်ပြီ။ကိုယ့်တာဝန်ကိုယ်မယူချင်ပြီး သတ္တိကြောင်သလို ဖြစ်နေပေမဲ့
ဇိန်း သူခပ်ဝေးဝေးကို ထွက်ပြေးဖို့အတွက် ဆုံးဖြတ်ခဲ့တယ်။

သူဒီတစ်သက် သည်အကြွေးကို ဆပ်၍ကြေနိုင်မည်မဟုတ်သည်မှာ သေချာသည်။ လူစီ့အပေါ်ကိုလည်း ကျန်နေသေးသည့် အကြွေးများပုံမနေစေချင်။ ထို့ကြောင့် သူထွက်ပြေးဖို့ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ဆောင်းရာသီတွင်း ပတ်ပြေးသည့်
အဝေးပြေးကားထက်တွင် လူတွေက ခပ်ကျဲကျဲ ။ ရောဂါဆိုးကြီးကို အနည်းငယ် ထိန်းချုပ်နိုင်ပြီဖြစ်သလို ကာကွယ်ဆေးများလည်း ထိုးနှံထားကြပေမဲ့လည်း Covid စည်းကမ်းများကတော့မပြောင်းလဲသေး ။ကားပေါ်ရှိလူများအားလုံးက နေရာခြားထိုင်ရပြီး Mask တွေတပ်ထားကြသည်။

ကား တငြိမ့်ငြိမ့် စထွက်ပြီးသိပ်မကြာတော့တဲ့အခါမှာအစောပိုင်းက ပျော်ရွင်ပြီး စကားတတွတ်တွတ်ပြောနေခဲ့တဲ့ လူစီ လေးဟာ ကားကို စတင်မူးလာပြီး သူ့ရင်ခွင်ထဲတွင်မှိန်းနေ၏။ အစောပိုင်းက သိပ်ကိုကစားပြီး သိပ်ကိုကဲလွန်းလို့ အရှေ့ခုံမှာ ထိုင်နေတဲ့
ဧည့်သည်ကိုတောင် အားနာခဲ့သေးသည်။ အရှေ့ခုံရှိအမျိုးသမီးပုံကတော့ လူစီ လေးဆော့ကစားနေသည်ကို အမြင်မကြည့်သည့် ပုံမပေါ်သေး။

လူစီလေးမှိန်းနေသည့်အချိန် ဇိန်း သည်လည်း မျက်လုံးကိုပိတ်၍ ခေါင်းကိုအနောက်တွင်မှီလိုက်သည်။

အကြွေး...အကြွေးဆိုသည့်အရာကနေ သူထွက်ပြေးလာခဲ့သည်။ ထိုအကြွေးက ဘယ်ကစပါသနည်း ။

Story ( Eden Contest ) Where stories live. Discover now