1st Arc ( Zawgyi )

150 11 0
                                    

သူ့ကိုငါမမြင်ဖူးပေမဲ့ ငါ့အနားမှာ သူရှိနေမှန်းသိတယ်။ သူကငါ့ကိုကာကွယ်ပေးတတ်မှန်းသိသလို ချောက်ချတတ်မှန်းလည်း သိတယ်။ ငိုကြွေးနေရင်နှစ်သိမ့်ပေးသလို တစ်ခါ​​တလေ ပစ္စည်းပျောက်လည်းရှာပေးတတ်တယ်။ သူ့ကိုငါမမြင်ဖူးဘူး ၊ ဒါပေမဲ့သူရှိနေမှန်းသိတယ်။ ရှောင်ကျန့်ရဲ့မနက်ခင်းတိုင်းမှာ ရှောင်ကျန့် ရဲ့ညတိုင်းမှာ သူရှိနေတယ် ။

ငါဟာ သူ့ကိုတိတ်တိတ်ကလေး နာမည်ပေးထားတယ် ။ ဇက်တဲ့ ၊ ငါနာမည်ပေးထားတဲ့သူ့ရဲ့နာမည်က ဇက် ။

( ၁ )

ဒီလောက်အတန်အတန် ၊ ဒီလောက်အတန်တန် အသိပေးထားပါရက်နဲ့ စာမေးပွဲကိုနောက်ကျဖြစ်အောင်ကို ကျတယ်။
ဘောပင်အိတ်ကို မေ့ကျန်ဖြစ်အောင်ကျန်တယ်။ ဝမ်ရိပေါ် ရဲ့ခေါင်းတစ်ခုလုံးခြောက်ကပ်သွားသလိုပဲ ။ သူလုပ်သမျှ တာဝန်တွေထဲမှာ ရှောင်းရှောင်ကျန့် ရဲ့ ကိုယ်စောင့်နတ်အဖြစ် နေရတာက အခက်အခဲဆုံးပဲ ။ တစ်ခါ​တလေ ရှောင်ကျန့် ဘာလို့များ မဆဲသလဲလို့ သူတွေးမိသည့်အထိ၊ အနည်းဆုံးတော့ ရှောင်ကျန့်
တစ်ခါဆဲလိုက်ရင် သူနဲ့ ခပ်ဝေးဝေးတစ်နေရာကို ခဏဖြစ်ဖြစ်လွင့်နိုင်မယ်မလား ။ အခုတော့ဖြင့် ... ။

ဘာကြောင့်များ ရိပေါ် ဟာ လူရိုးလေးရဲ့ ကိုယ်စောင့်နတ်အဖြစ် တာဝန်လာကျရတာလဲ။ရှောင်ကျန့် ဟာ မကောင်းတဲ့အလုပ်များများလုပ်လေ စောင့်ရှောက်ခံရဖို့အခွင့်နည်းလာလေဖြစ်ပြီး ရှောင်ကျန့် ရဲ့ကိုယ်စောင့်နတ်လေး ရိပေါ်ဟာလည်း အဲ့လူကို စောင့်ရှောက်ဖို့ရန်မလိုဘဲ ရှောင်ကျန့် ရဲ့ခပ်ဝေးဝေးကို အလိုအလျောက်ရောက်ရှိကာ သူ လုပ်ချင်တာကို လုပ်နိုင်မည်ဖြစ်သည်။ အခုတော့ဖြင့်...။

အခု သူလုပ်ပေးရမှာက ဒီဘောပင်အိတ်ကို ရှောင်ကျန့် မသိအောင် သူ့လွယ်အိတ်ထဲ ပစ်ထည့်လိုက်ဖို့ပဲ၊ ပစ်ထည့်လိုက်ရုံပဲ ။ စားပွဲအောက်မှာ ပက်လက်ကလေးဖြစ်နေတဲ့
ဘောပင်အိတ်ကို ကြည့်ရင်း ရိပေါ် သက်ပြင်းကိုသာ ချလိုက်မိသည်။ ကိုယ်စောင့်နတ်လေ ၊ သူက ကိုယ်စောင့်နတ်၊ အဲ့ကလေးလေးကို အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပေးရမဲ့ ကိုယ်စောင့်နတ်။

Story ( Eden Contest ) Where stories live. Discover now