Final Arc

272 39 8
                                    


( ၁ )

နှစ်တွေမြောက်များစွာ ကြာလာခဲ့ပေမဲ့လည်း
ဇိန်းနဲ့ ရှောင်ကျန့် တို့ရဲ့ဆက်ဆံရေးက မူလအတိုင်း မိတ်ဆွေကောင်းတွေအဖြစ်ရှိနေဆဲပင်။ လှပတဲ့ပုံပြင်အဖြစ်အဆုံးသတ်ဖို့ရန်တော့ ရိပေါ် က မမျှော်လင့်ထားခဲ့ဘူး ။ ထိုအစား အထီးကျန်မူမရှိတဲ့ ဘဝကိုသာ  ရှောင်ကျန့် ကို ဖြတ်သန်းစေချင်မိတယ်။  ရှောင်ကျန့်ဘေးမှာ ရိပေါ်က အမြဲရှိနေပေးမယ်ဆိုပေမဲ့ သူရှိနေကြောင်းကိုတော့  ရှောင်ကျန့် က နည်းနည်းလေးတောင်မရိပ်မိလေဘူး။ ဒီတော့ဖြင့် ရိပေါ်ဟာ  ရှောင်ကျန့် ဘဝမှာ မရှိတဲ့ သူတစ်ယောက်၊  ရှောင်ကျန့် ကိုဘာ
နှစ်သိမ့်မူမှမပေးနိုင်တဲ့သူပေါ့။

လူစီလေး ကလည်းအရွယ်ရောက်လာပြီ။ နားလည်နိုင်စွမ်းရှိနေတဲ့အရွယ်ပေါ့။ အားလုံးဟာ အဆင်ပြေပြေပါပဲ။ ဒီခြောက်နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေကို  ရှောင်ကျန့်က သတ္တိရှိရှိနဲ့ ကိုယ့်အားကိုယ်ကိုးပြီးကျော်ဖြတ်နိုင်ခဲ့တယ်။

ဥပမာ - ဂရေးရဲ့ မင်္ဂလာပွဲကို သူတစ်ယောက်တည်း တတ်ပြီး ဂုဏ်ပြုပေး
ခဲ့တာ ၊ အလုပ်ချိန်တွေကို အရင်ကထက်ပိုတိုးလုပ်ပြီး သူ့ဘဝရဲ့ပျော်ရွင်မူတွေကို အခြားတစ်နည်းနည်းနဲ့ ကြိုးစားရှာဖွေခဲ့တာ၊ နာမည်မရှိ၊ အမည်းရောင်ကြောင်တစ်ကောင်ကို ကောက်ယူမွေးစားခဲ့ပြီး ဘလက်ခ် လို့ နာမည်ပေးခဲ့တာ၊ ကိုယ့်ရဲ့ဖြစ်တည်မူကို ကိုယ် ရဲရဲလက်ခံလိုက်နိုင်တာ ။ အားလုံး ၊ အားလုံးကို ရှောင်ကျန့် က အဖော်မပါ ၊ သူတစ်ယောက်တည်းအဆင်ပြေအောင် ဖြတ်ကျော်ခဲ့တယ်။

ဒါက ဂုဏ်ယူဖို့အရမ်းကောင်းတာပဲ ။ ရှောင်ကျန့် ကိုသူသိပ်ဂုဏ်ယူတယ်။တစ်ယောက်တည်း နေနိုင်ကြောင်း သူ့ကိုယ်သူ ပြန်သက်သေပြနိုင်ခဲ့လို့ ဝမ်းသာတယ်။ အခြား အချစ်တစ်ခုကို ထပ်မရှာခဲ့လို့ ပိုဝမ်းသာရတယ်။ ဒါက သူ့ရဲ့အတ္တခပ်သေးသေးတစ်ခုပဲ ။ ရှောင်ကျန့် ကို ဘယ်သူ့အတွက်နဲ့မှ ထပ်ငိုတာမမြင်ချင်တော့သလို ၊ ဘယ်သူ့ကိုမှလည်း ထပ်မချစ်စေချင်ဘူး ။

အဆုံးမှာတော့  ရှောင်ကျန့် ရဲ့ပင့်ကူကျိန်စာက ဖြတ်သန်းရမဲ့တစ်ဘဝလုံးအပေါ် သက်ရောက်မသွားခဲ့တာကိုပဲ ကျေးဇူးတင်ရမှာ ။ နောက်ဆုံးအချက်အနေနဲ့  ရှောင်ကျန့် ဟာ အထီးကျန်ကျန်နဲ့ မသေဆုံးရဖို့ပဲ သူမျှော်လင့်ရတော့တယ်။

Story ( Eden Contest ) Where stories live. Discover now