Zawgyi
2018 Winter Olympics
Gangneung Ice Arena
Korea တွင်ကျင်းပသည့် 16ကြိမ်မြောက် winter olympics အချိန်ဖြစ်သည်။
hockey skating နောက်ဆုံး final ။
စိတ်လှုပ်ရှားနေသည့်လူအုပ်ကြီး၏ အသံအချို့က
Hall တစ်ခုလုံးတွင် လှိုင်သံထွက်နေသည်။Korea က သေချာပေါက် ရွှေတံဆိပ်ရ ရမယ်ဟု ကြွေးကြော်သံအချို့ကြောင့် ကြက်သီးတဖြန်းဖြန်းထနေသော
သီးသန့်နားနေခန်းမှ hockey members အချို့။
ဆုတောင်းသူကဆုတောင်းနှင့် အသီးသီးအလုပ်ရှုပ်နေကြသည်။နည်းပြ ဝင်လာပြီး ဒိတ်ဒိတ်ကြဲသုံးယောင်ကို ထုံးစံအတိုင်း
အော်ခေါ်တော့သည်။ မမှာမဖြစ်မှာရမည့်စကား..ပြိုင်ပွဲတိုင်း
ကြားနေရသည့်စကားကြောင့် တချို့သော ကစားသမားများက နားပါးပိတ်ချင်ယောင်။" forwards နေရာမှာ ကစားမယ့် Jeon Jungkook
Joah နဲ့ ဟွမ်းမင်း.."နည်းပြဆီသို့ ရောက်လာသော သူတို့သုံးယောက်ဟာ အသင့်အနားအထားနှင့် ပထမဆုံးအရေးပေါ် စစ်ပွဲလိုလို မျက်နှာထားများ။
"မင်းတို့က တာဝန်ကြီးတယ် korea အတွက် goal
တွေ အများကြီး ယူလာခဲ့ရမယ်နားလည်လား""နားလည်းပါတယ် နည်းပြ"
ပြိုင်တူအသံထွက်သွားသည်နှင့် တပြိုင်နက် ကံကောင်းခြင်း
လက်ဆောင်တစ်ခုကို နည်းပြကပေးသည်။
အားကိုးပါတယ် ဆိုသည့်အပြုံးသာ....။ဆူညံညံအသံတွေသည် champion ဆုကို အလုအယက်ယူနေသလို အားကြိုးမာန်တက်။
Media တွေသည်နေရာအနှံ့။Korea မှ hockey team ဝင်လာသည်နှင့် မိန်းကလေး
တသိုက်တို့၏ အော်ဟစ်သံများ လွှမ်းမိုးကုန်တော့သည်။Jungkook ခပ်မဲ့မဲ့လေးပြုံးလျှင် ပိုအော်သည်။
သိသိသာသာလေးပြုံးလျှင် အော်သံများ သံပိုကျယ်လာသည်။
လက်လေးတစ်ဖက်ဝေ့ကာယမ်းပြလျှင် နှာခေါင်းသွေးတွေပါ
လျှံကုန်သည်။
အဲ့သည်လောက်ထိ Jungkook ဟာဩဇာလွှမ်းသည်။Jungkook လက်ထဲကို ဟွမ်းမင်းက mic ကမ်းပေးလိုက်
သည်။ အော်သံတွေသည်။ တစ်စတစ်စ။"သေချာပေါက် champion ယူခဲ့ပါ့မယ် Korea! "
American နှင့် Korea ရဲ့ ပြိုင်ပွဲသည် အကြိတ်အနယ်။
လက်ရည်တွေကလည်း မတိမ်းမယိမ်းဖြစ်နေပြီး
သရေ သဘောမျိုးဖြစ်နေသည်။
ရေခဲအနုတ်3 ဒီဂရီအထိအေးနေသည့်ကြားက သူ့ဖက်ငါ့ဖက်နှင့်အားပေးသူများ။
ESTÁS LEYENDO
F L A W (completed)
Fanfic"Love is more complicated than we know" (rewriting) Jeon Jungkook x Kim Taehyung 10.12.21_14.1.22