° 2 °

3.1K 442 62
                                    

Zawgyi

Figure skate Final...

ရေခဲတမျှအေးနေရတဲ့ကြားထဲ coffee ပူပူကို
ကိုင်ပြီး ပွဲအစကို စောင့်နေသည်။

Joah က ထိုင်နေတဲ့ ဘေးနားရောက်လာ ပြီး
" Jeon... ဒီမှာ ငါး ပေါင်မုန့်.."

တစ်ချက်မော့ကြည့်လိုက်သည်။ စက္ကူ အိတ်ဖြင့် ထုတ်ထည့်ထားသည့် ပူပူနွေးနွေး ငါးပေါင်မုန့်တွေဟာ အငွေ့တလူလူ...။

နွေးခနဲဖြစ်သွားတဲ့ ခံစားမှုနှင့်အတူ Josh ဆီကအပြုံးကိုပါ
တွေ့သည်။ အော်ဂလီဆန်စရာ။
"အော...ကျေးဇူးပဲ Josh"

ငါးပေါင်မုန့် တစ်ခုယူပြီး coffeeနဲ့ မျှောချနေသည်။
မနက်စာက ဘာမှအစားရသေးသည့်အတွက်
ဆောင်းတွင်းမှာ စားရတဲ့
ငါးပေါင်မုန့်က အကောင်းဆုံးပဲ။

" ငါတို့ ကျောင်းက ဒီနေ့ ပြိုင်မယ့်male single က
တော်တော်လှတယ်တဲ့ ပြောနေကြတာ"

"အင်း.."

Joah က တစ်ဖက်လှည့်သွားပြီး ဟွမ်းမင်းနဲ့
ပေါက်ပေါက်ဖောက်နေသည်။
အဲ့ကောင်က လူကောင်ထွားပြီး လေ အရမ်းပေါတဲ့ကောင်!

ပွဲစတော့ final ကို ရောက်လာတဲ့ figure skater တွေ
ကွင်းထဲဝင်လာကြသည်။

Norway,Canada နဲ့ Korea ....။
ပိန်သေးညှပ် နေတဲ့ ကောင်လေးတွေ...။

မျက်စိထဲကို တည့်တည့်ကြီးရောက်လာတာ ဟင်...
မနေ့က တွေ့ခဲ့တဲ့ အချိုးမပြေတဲ့ နှံပြည်စုတ်...။

Blonde ရောင် ရင့်ရင့်ကို ပျားရည်ရောင်ဘက်သွားတဲ့
ဆံပင်အုပ်အုပ်တွေ....။

ဆင်စွယ်ရောင် လက်ရှည်အပါးကို style pant ထဲထည့်ဝတ်
ထားပြီး ကွင်းထဲကို ဖြည်းဖြည်းချင်းဝင်လာတယ်။

ဖြူစွတ်နေတဲ့ အသားအရေ နဲ့ နီရဲနေတဲ့ နှုတ်ခမ်းပါးရယ်
နှင်းဆီရောင်သန်းနေတဲ့ ဖောင်းအိနေတဲ့ ပါးလေးတွေ။

သူ့ဘေးက skater နှစ်ယောက်ရဲ့ ယှဉ်ရင်တောင်
အဲ့ နှံပြည်စုတ်က သိပ်လှနေပြီး အရမ်းထင်ပေါ်နေတယ်။

သူက figure skater လား??
Korea...ငါတို့ ကျောင်းက ပြိုင်မယ့်သူဆိုတာသူ??

Joah က ပေါင်မုန့်တွေ တစ်နေရင်း ပလုတ်ပလောင်းနဲ့
ပခုံးကို လာပုတ်ပြီး
" Jeon...အဲ့တစ်ယောက်...အဲ့ဆင်စွယ်ရောင် အင်္ကျီနဲ့
လှတဲ့ တစ်ယောက်"

F L A W (completed) Tahanan ng mga kuwento. Tumuklas ngayon