° intro °

12.5K 671 25
                                    

Zawgyi

FLAW _ From Love And Wrong or Flaw

နာမည်ကြီး restaurant တစ်ခုရဲ့ VVIP room ထဲမှာ။

NYC မှာ ကျောင်းတက်တုန်းက ညီအစ်ကိုလိုခင်ခဲ့တဲ့
စီနီယာ Jae In hyung နဲ့ တွေ့ဖို့ရှိလို့။

အလုပ်ကိစ္စလည်း ပြောရင်း သူ့လက်ထပ်မယ့် ကောင်လေးနဲ့လည်း မိတ်ဆက်ပေးမယ်ပေါ့။

နာရီဝက်လောက် coffee ကို သာသောက်ရင်းစောင့်
နေတော့Jae hyungဝင်လာသည်....။

အရှေ့ခုံမှာ ဝင်ထိုင်ရင်း
"စောင့်ရတာ ကြာသွားလား Jungkook ...
meeting ကကြာသွားလို့"

"ရပါတယ် ကျနော်လည်း ဒီနေ့ အားနေတာ"

Jae hyung က နာရီကို တစ်ချက်ကြည့်ပြီး
"သူလာတော့မှာ နည်းနည်းလောက်စောင့်ပေးပါဦး"

"အင်း.."

Jae hyung နဲ့ အလုပ်ကိစ္စနဲ့ လတ်တလော
ဖြစ်ပျက်ခဲ့သမျှ
တွေကို ပြောနေတုန်း တံခါးလှပ်သံဟာ ခပ်ဖွဖွလေး
ကြားရသည်။

ခြေလှမ်းသံက သစ်ရွက်ကြွေကျသံထက် နူးညံ့နေတယ်။

ကြည့်လိုက်တော့ အပြာနုရောင် အင်္ကျီလက်ရှည် နဲ့ style
pant ကိုတွဲဝတ်ထားတဲ့ ယောက်ျားလေးတစ်ယောက်။

blonde ကိုမှ ပျားရည်ရောင်ဘက်ကို အနည်းငယ်သွားတဲ့
ဆံနွယ်ပျော့ပျော့တွေ။
နီရဲစိုရွှန်းနေတဲ့ နှုတ်ခမ်းပါးလေးတွေ။

သာမန်ထက်သာလွန်တဲ့ အလှနဲ့ လှတဲ့ ယောက်ျားလေး။

တခြားသူတော့မဟုတ်ဘူး...ကျနော်တွဲခဲ့တဲ့ ရည်းစား
ဟောင်းတွေထဲက တစ်ယောက် Kim Taehyung ။

လမ်းခွဲစကားမပြောခဲ့ပေမယ့်
ကျနော့်ဟာမဟုတ်တော့တဲ့သူ....။

ရာသီစက်ဝန်းတွေ အတော်ကြာသွားတော့
သံသရာဟာစလည်ပတ်တယ်...။

တွေ့ဖို့အကြောင်းပြန်ဖန်လာတယ်....။

တစ်ခါမှမေ့မရခဲ့တဲ့ သူဟာ အခုတော့
ကျနော့်ရှေ့မှာ လှလှပပလေး ရှိနေတယ်....။

ငါ့ကို မေ့ပျောက်ပြီး မင်းကတော့ အဆင်ပြေနေတာပဲ
Kim Taehyung....

ph ကို ကြည့်ရင်း Jae hyung နားဝင်ထိုင်ပြီး
" ဒီနေ့မှ ပန်းဆိုင်က လူတွေရှုပ်နေလို့ Hyung"

F L A W (completed) Tempat cerita menjadi hidup. Temukan sekarang