Prologue

80 5 0
                                    

Speaking Without Words

Triggering ⚠️

လွန်ခဲ့သော ၈နှစ်
ငါ ခေါင်းကိုစောင်းပြီး ငါ့အစ်ကိုကို ကြည့်လိုက်တယ်။ သူက ငါ့ထက်အသက်ကြီးပြီးတော့ အခု သူ့အသက်က ၁၇ နှစ်ဖြစ်တယ်။

"အစ်ကိုJ ဘာတွေပြောနေတာလဲ  " နူးညံ့တဲ့အသံနဲ့ ငါမေးလိုက်တယ်။

သူက ဖွင့်ထားတဲ့ပြတင်းပေါက်ဘောင်မှာ ထိုင်နေရင်း vodka တစ်ပုလင်းလုံးသောက်လိုက်တယ်။

"ငါ​သူပြောတာကိုကြားလိုက်တယ်၊ သူက အရူးအိမ်ဆီ ငါ့ကိုပို့ချင်နေတာ"

"သူက အစ်ကို့ကိုကူညီချင်တာဖြစ်မှာပါ "

"ငါက အရူးတစ်ယောက်မှ မဟုတ်တာ!"  သူ့ရဲ့မျက်နှာက အနီရောင်သန်းလာပြီး သူရဲ့လက်တွေက တုန်ခါနေခဲ့တယ်။

"ကျေးဇူးပြုပြီး ဆင်းခဲ့လို့ရမလား ကျွန်တော်တို့စကားပြောကြဖို့လေ? "  ငါက အပြုံးတစ်ခုနဲ့ သူ့ကိုပြောလိုက်တယ်။

"စကားပြောမယ်? " သူ့ရဲ့မျက်ခုံးတွေမြင့်တက်သွားတယ်။ "မပြောဘူး ငါ့ညီ၊ ငါ့ဘ၀မှာ လုံလောက်အောင်ပြောခဲ့ပြီးပြီ။ အကယ်လို့ ငါသာတိတ်နေခဲ့မယ်ဆိုရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။

အို့, ကောင်းပြီ.. ငါအခုဘာလုပ်နိုင်သလဲ? ငါက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှင်သန်ခြင်းကို မုန်းနေပြီ၊ 

ငါ လွတ်လပ်ဖို့ကို ဒီထက်ပိုမစောင့်နိုင်တော့ဘူး "

"အစ်ကိုက ဘယ်လို လွတ်လပ်မှုမျိုးကို လိုချင်တာလဲ"

သူက ပြုံးပြပြီးတော့ သူ့ရဲ့ မျက်လုံးတွေကို ပိတ်ပစ်လိုက်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ပြတင်းပေါက်ကနေ ပြုတ်ကျသွားပြီးတော့ ငါက ကြောက်လန့်တကြားအော်လိုက်မိတယ်။

ငါ တုန်ရီနေတဲ့ အသက်ရှုအသံနဲ့အတူ ပြတင်းပေါက်နားသွားလိုက်ပြီးတော့ သူ့ရဲ့သတိလစ်ပြီး သွေးတွေလွှမ်းနေတဲ့ ခန္ဓာကိုယ်ကို ငါတို့အရှေ့လမ်းပေါ်မှာတွေ့လိုက်ရတယ်။

ငါ့ရဲ့အသက်ရှူသံတွေကပြင်းထန်နေပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေမိတယ်။

သူသေသွားပြီ။
ငါ့ရဲ့အစ်ကို သေသွားပြီ။

ဒါက ငါနောက်ဆုံးစကားကိုပြောခဲ့တဲ့အချိန်ဖြစ်တယ်။

စကားလုံးများမပါဘဲ စကားပြောခြင်း [ မြန်မာဘာသာပြန်]Where stories live. Discover now