Chapter 2

28 0 0
                                    

Charles' pov
ငါ့အခန်းဖော်ကို ငါကြည့်လိုက်တယ်။ သူက သူ့ရဲ့ကုတင်ပေါ်ကို ဖိနပ် ၀တ်ထားရင်းနဲ့ပဲ ခုန်တက်လိုက်တယ်။

"မင်းက ကုတင်ပေါ်ကို ဖိနပ်နဲ့တက်တယ်? " ငါသူ့ကိုအမူအရာပြလိုက်တယ်။

"နားထောင် ယုန်ပေါက်၊ ငါ့ရဲ့ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး မေးခွန်းမထုတ်နဲ့ အိုကေ? မင်းရဲ့နာမည်ကရော "

"Charles ၊ Charlie"

"ဟမ်.. ငါက Xavier.. နာမည်ပြောင် မလုပ်နဲ့၊ ဒါက အကြမ်းဖျင်းပဲ" သူက မထီမဲ့မြင်ပြောတယ်။

တံခါးခေါက်သံကြားရတယ်။

" Xavier အခုချက်ချင်းတံခါးဖွင့်စမ်း " သန်မာတဲ့လူကြီးရဲ့အသံထွက်လာတယ်။

"ဒယ်ဒီက ဒီရောက်လာတာပဲ၊ သူပေါက်ကွဲတော့မယ် ၊ ငါရေချိုးနေတယ်လို့ သူ့ကိုပြောလိုက် ပြီးတော့ မင်းသတ္တိရှိရင်တော့ အမှန်တရားကိုပြောပေါ့၊

အဲ့ကျ မင်းလည်ပင်းကို ငါက ပါပီလေးလို ရိုက်ရလိမ့်မယ်  " သူ့က လက်ချောင်းကို ငါ့ဆီ ညွှန်ပြတယ်။ ငါကခေါင်းညိတ်ပြလိုက်တယ်။

သူက ရေချိုးခန်းထဲ၀င်သွားတယ်။ ငါတံခါးကိုဖွင့်လိုက်တော့ အရမ်းဒေါသထွက်နေတဲ့ လူကြီးကိုတွေ့လိုက်ရတယ်။

"အိုး.. ဟယ်လို .. မင်းက ချားလ် ဖြစ်ရမယ်" သူက ငါ့ကို ပြုံးပြတယ်။

"ဟယ်လို Sir " ငါအမူအရာပြလိုက်တယ်။

"ဟယ်လို" သူက သူနားလည်သလို ငါ့ကို အမူအရာပြန်ပြတယ်။ ငါတောက်ပစွာ ပြုံးလိုက်တယ်။

"ငါ့သားနဲ့စကားပြောလို့ရနိုင်မလား"

"သူက...ရေချိုးခန်းထဲမှာ"

"ဘာလုပ်နေတာလဲ"

"သူခံစားရမကောင်းဘူးထင်တယ် Sir၊ သူက ဖြူဖျော့နေတာပဲ

ကျောင်းကနေ သူစိတ်ရှုပ်လာတယ်ထင်တယ် ဒါပေမယ့် ဦးလေး သူ့ကို ဒီလိုပုံစံနဲ့ မတွေ့ချင်လောက်ဘူး

ဦးလေးသိတယ််မလား, လူ့ရဲ့အတ္တလေ " ငါမျက်လုံးမှိတ်လိုက်တယ်။

"ငါသိပြီ " ထိုလူက ပြုံးနေတယ်။ "ကောင်းပါပြီ၊ သူက ငါ့ကိုရှောင်နေတာမဟုတ်လို့ ငါ၀မ်းသာပါတယ် "

စကားလုံးများမပါဘဲ စကားပြောခြင်း [ မြန်မာဘာသာပြန်]Where stories live. Discover now