Chapter 3

30 1 0
                                    

Charles' pov
လူတွေက ငါ့တို့ကို လှည့်ကြည့်ကြတယ်။ Xavierလို လူမျိုးနဲ့ငါ့ကို တွဲမြင်ကြရလို့ ဖြစ်နိုင်တယ်။

သူက ဘယ်သူ့ကိုမှ မကြောင်တာ ငါ့ကို အံ့အားသင့်စေတယ်၊ သူက သူတို့ကို စိုက်ကြည့်ဖို့တောင် နှမြောနေတယ်။

မိန်းကလေးတွေက ငါ့ကို စိတ်ပျက်သလိုကြည့်တဲ့အခါ ငါ့ကိုယ်ငါ ပြန်ပြုံးလိုက်မိတယ်။

" ဟေး လေဒီ ..ငါတို့ အချိန်စာရင်းတစ်ချို့လိုတယ် ပြီးတော့ စကားပြောဖို့ရော" သူက စားပွဲခုံနောက်က မိန်းမလှလေးကို ပြောတယ်။

ငါသူ့ပုခုံးကို ရိုက်လိုက်တယ် "ဘာလဲ"

"ပိုပြီးကောင်းကောင်းပြော"

သူက သူ့မျက်လုံးကို လှန်လိုက်တယ် " ဒီမှာရှိတဲ့ငါ့သူငယ်ချင်းက စကားမပြောနိုင်ဘူး ပြီးတော့ ငါနဲ့ပတ်သက်ပြီးကောင်းတာပြောပါဦး"

" ရှင်က ကျွန်မအပေါ် ကောင်းသင့်တယ်" သူမက ပြောတယ် " ရှင်တို့ရဲ့နာမည်တွေက ဘာလဲ"

" Charles Williams " ငါအမူအရာပြတယ်

" Charles Williams နဲ့ Xavier Morgenstern"

သူမက စူးရှတဲ့အကြည့်နဲ့ သူ့ကို ကြည့်နေပြီး စာရွက်တွေကို ပုံနှိပ်နေတယ်။

"ကောင်ငယ်လေး.. မင်းချိုချဉ္တစ်လုံးလိုချင်လား" သူမက ငါ့ကို ပြုံးပြနေတယ်။

" သူက ငါးနှစ်သားမဟုတ်ဘူး  လေဒီ"အဲ့ဒီ့အမျိုးသမီးက ငါ့ကို အဆိပ်ဖြစ်စေနိုင်သလိုမျိုးဖြစ်လို့ Xavier ရဲ့ခြေလှမ်းတွေက ငါ့ကို အရှေ့ကနေ ကာကွယ်ပေးနေတယ်။

" ဟုတ်ပြီ၊ ကျွန်မက ရှင့်ကို ပေးနေတာမဟုတ်ဘူး " သူမက တင်းမာသောအသံနဲ့ ပြောတယ်။

"ကောင်းပြီ၊ ငါတို့က မင်းဆီက သကြားလုံးကို မလိုချင်ဘူး" သူက စာရွက်တွေကို ယူလိုက်ပြီးတော့ ငါ့ရဲ့ လက်ကောက်၀တ်ကနေ ဆွဲသွားတယ် ။

သူက ငါ့ကို ငါတို့ရဲ့အခန်းဆီကို ပြန်ဆွဲခေါ်သွားတယ်။ ငါ့လက်တွေကို တင်းကြပ်စွာကိုင်ထားတဲ့ သူ့လက်ပေါ်ကို ငါဆုပ်ကိုင်လိုက်တယ်။

သူဘာဖြစ်နေတာလဲ?

သူက ငါတို့ရဲ့အခန်းထဲကို ရောက်တာနဲ့ တံခါးကို လော့ချလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Jan 08, 2022 ⏰

Add this story to your Library to get notified about new parts!

စကားလုံးများမပါဘဲ စကားပြောခြင်း [ မြန်မာဘာသာပြန်]Where stories live. Discover now