Part 33📃

3.6K 283 66
                                    

Unicode..

ပြတင်းပေါက်ဝလေးနား ရပ်ကာ ကားလမ်းမကိုကြည့်နေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်

လက်မှာပတ်ထားတဲ့ နာရီလေးကိုကြည့်လိုက် သူမျှော်လင့်နေတဲ့ ကားလေးများလားဆိုပီး စံအိမ်ရှေ့ကဖြတ်သွားတဲ့ကားတေကိုကြည့်လိုက်လုပ်နေမိတာ အခုဆို ဘယ်နှစ်စီးမြောက်မှန်းတောင်မသိတော့ပါ..

 သူမ မျှော်လင့်နေတဲ့ကားလေးကိုတွေ့လိုက်ပီမို့.. မျက်ဝန်းအောက်က အပြုံးတပွင့်ထွက်ပေါ်လာသည်

အိမ်တော်အရှေ့ရောက်တော့ သျှားစီးလာတဲ့ အခန်းနောက်ကို သူ့တပည့်တစ်ယောက်က ဆွဲဖွင့်လိုက်သည်မို့ သျှားတစ်ယောက်ထွက်လာခဲ့သည်

အပြင်ရောက်ရောက်ချင်းမှာ သျှားမျက်လုံးများက..သျှားချစ်ရတဲ့ကောင်မလေးနေသော အခန်းဆီသို့မော့ကြည့်လိုက်ရင်းသာ..

အချစ်ကလေးက ကိုယ်ပြန်ရောက်တာကိုမသိလောက်ဘူး..အိပ်နေတာများလားး အင်းခုအချိန်တော့မအိပ်လောက်ပါဘူး

ရင်ထဲမှာ ..ရင်ထဲမှာ.. ဖော်ပြလို့မရတဲ့ပျော်ရွှင်မူက တသီတတန်းကြီး မျက်လုံးတဆုံးမှာ သူမရှိနေတဲ့ဆိုတဲ့ အသိစိတ်နဲ့တင် လှိုင်းခတ်သလိုခံစားချက်က တဖွားဖွားတိုးထွက်စေ၏

.

သျှားပြန်ရောက်တာကိုမြင်တာနဲ့  မှန်ရှေ့အပြေးလေးသွားထိုင်ကာ မျက်နှာကို အနီးကြည့်လိုက် အရှေ့ကြည့်လိုက် ပြုံးကြည့်လိုက်လုပ်နေတဲ့ တစ်ယောက်သောသူကို သိပ့်မုန်းပါတယ်ဆိုတဲ့ မိန်းမသားတစ်ယောက်ရယ်ပါ /သူ့ရှေ့မှာဘယ်လိုနေရင်အလှဆုံးဖစ်မလဲပေါ့.... ပြင်ထားတဲ့မိတ်ကပ်လှမလှကိုလဲကြည့်ရတာ အမော

အို..မိတ်ကပ်ထူသွားရင် ဒုက္ခ...ငါ့ကိုတော့ ပဲများတယ်ထင်တော့မှာဘဲ...

နှုတ်ခမ်းနီဆိုးထားတဲ့ အိမ့်နှုတ်ခမ်းလေးအပေါ် တဖန်ထပ်ကာဆိုးလိုက်သည်/ထိုနောက် နှုတ်ခမ်းနှစ်လွှာပူးကပ်လှုပ်ရှားစေလိုက်ရင်း မှန်၏တန်ပြန်သက်ရောက်နေသာ နှုတ်ခမ်းသားပုံရိပ်လေးဆီသို့ သူမမျက်ဝန်းများက စစ်ဆေးနေသည်

ခြေသဲနီဆိုးထားတဲ့ ခြေအုအုလေးတေက ခပ်သွယ်သွယ်လေးနှင့် သိပ့်ကိုလှပလွန်းနေသည်  /သူမ ခြေနုနုဖြူဖြူလေးတေက တနေရာသို့ ဦးတည်၍လျှားလိုက်သည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now