Unicode..........
"ဘာပစ္စည်းတေကျန်ခဲ့သေးလဲ ကိုယ့်ပစ္စည်းကိုသေချာစစ်ကြနော် မေ့ကျန်ခဲ့မယ် အားလုံးစုံပြီဆိုရင် တက်ကြရအောင်"
တူ..တူ..
ကလေးကိုကြည့်လိုက်တော့လဲ ကားပေါ်အထုပ်များတင်နေတာမို့ သူမလက်ကိုင်အိတ်ထဲမှမြည်နေသော ဖုန်းအား ကိုင်မည်ဖစ်၍ကြည့်လိုက်သော် -Alex-ဆိုပါ့လား
ဘယ်သူပါလိမ့်
" ဟယ်လို"
"ဟယ်လို မမလေး"
ဟင် ဘယ်က မမလေးပါလိမ့်
"ခုပြောနေတာ ဘယ်သူလဲ"
" ဒါ မသျှားခက်နွယ်ရဲ့ဖုန်းလားခင်ဗျ"
"ဟုတ်တယ် ဒို့မေးနေတာဖြေပါအုန်း မင်းကဘယ်သူလဲ"
ကောင်လေးတစ်ယောက်အသံဘဲ ကလေးနဲ့ဘယ်လိုပက်သက်နေတာပါလိမ့်
" ပေးမ ကို့ကို ကို့သူငယ်ချင်းထင်တယ်"
အိမ့်လက်ထဲမှ ဖုန်းကိုအတင်းဆွဲယူသွားပီး အိမ့်နှင့်ဝေးရာတွင်တိုးတိုးပြောနေသည်
သူ့မှာကောင်လေးသူငယ်ချင်းရှိတယ်လို့တခါမ မကြားဘူးပါဘူး ပြီးတော့လက်ထဲမှအတင်းဆွဲယူပြီးပြောရလောက်သည်ထိ အဲကောင်လေးက အရေးကြီးနေတာလား ဒီကောင်မလေး ဘာဇယားတေရွေ့နေတာလဲ
ခနအကြာ အိမ့်ရှေ့ရောက်လာပြီး သူ့လည်တိုင်သူပွတ်ကာ မအီမလည်သောမျက်နှာနှင့်
" sorryနော်မ ကို့သူငယ်ချင်းကလေ မတွေ့ရတာကြာတော့ နေကောင်းလား ဘာတေလုပ်နေလဲတေဘာတေမေးနေလို့ နည်းနည်းကြာသွားတာ"
" တစ်ယောက်ထဲဆို ညအထိအေးအေးဆေးဆေးဖုန်းပြောနေလဲရတယ်လေ အခုဟာကတခြားသူတေကပြန်စောင့်နေရတာ နည်းနည်းပါးပါးအားနာပါအုန်း ပီးတော့မမကွယ်ရာမှာပြောရလောက်အောင် အဲဒီကောင်လေးက သိပ့်အရေးကြီးနေတယ်ထင်တယ်"
မ မျက်နှာဟာ လိုတာထက်ပိုတင်းမာနေသည်မို့
"ဟုတ်တယ် သူနဲ့က နိုင်ငံခြားမှာတုန်းကခင်ခဲ့တာလေ မောင်နှမဆိုလဲမမှားပါဘူး အခုဟာက မတွေ့တာကြာတော့ သတင်းတေဘာတေမေးတာတဲ့ ပီးတော့ရည်စားရပီလားဆိုတော့ ကိုကလဲ ကောင်မလေးချောချောကိုပိုင်ဆိုင်ထားပါတယ် နောက်တွေ့ရင်မိတ်ဆက်ပေးမယ်လို့ပြောလိုက်တယ် ကို့ကောင်မလေး ဘယ်လောက်ချောကြောင်းလှကြောင်းကို ကြွားချင်နေတာ ဟီးး"
YOU ARE READING
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗