36 🌹

4.7K 329 98
                                    

" နန်းခင်ရေးးး ဝေ့နန်းခင် လာပါအုန်းကွယ်"

" လာပီ အဘရေ ဒီမှာ ထမင်းရည်ငှဲ့နေလို့လေ ချခဲ့လို့လဲမရဘူး ထမင်းပြဲမှာဆိုးလို့ ခနလောက်ငှဲ့နေတာ"

သစ်သားများကို စည်ကြီးအမဲများနဲ့ချယ်လှယ်ထားတဲ့ သစ်သားနှစ်ထပ်  အိမ်ကလေး၏ ဝင်ပေါက်ဝဆီမှ အပေါက်အဖာများနဲ့ပြည့်နက်နေသည့် နွမ်းနွမ်းလျလျ ထဘီလေးကိုဝတ်ဆင်ထားတဲ့ကောင်မလေးဟာ ကပိုကလျိနဲ့ ပြေးထွက်လို့လာခဲ့သည်

" ဒီမှာလေ ငှက်ပျောသီးခုတ်လာတယ် တပိုင်းစီဆစ်ပြီးတော့ အဝတ်စုတ်နဲ့သုတ်ထား "

" ဟမ် အဘဘာလုပ်ဖို့တုန်း"

"ဟ ဘာလုပ်ရမတုန်းကွ ဒီနေ့ မြို့ကဆေးရုံအုပ်အသစ်ရောက်မယ်တဲ့လေး "

" အဲတာ အဘနဲ့ဘာဆိုင်တုန်း"

" ငါနဲ့မဆိုင်းဘူးလေး နင်းနဲ့ဆိုင်တာ နင့်ခေါင်းက ခနခနကိုက်တယ်မလား အဲဆရာကို ငှက်ပျော်သီးပေးပြီးအကျိုးအကြောင်းမေးမလို့လေ အတော်တော်တဲ့နေရာကရောက်လာတယ်လို့ ရွာထဲက မိချိုတို့အဖွဲ့ပြောနေတာကြားလို့ အဘလဲနင်အခုလိုဖစ်နေတာ မကြည့်ရက်တော့ဘူး"

" ဟာာ အဘရာ ပေါက်ကရ နန်းခင်းခေါင်းက တခါတလေမကိုက်တာပါ..အရမ်းကြီးမဟုတ်ဘူး ပိုက်ဆံတော့အနည်းဆုံးကုန်မှာပေါ့ အံ့ရောအဘတို့များ ဆရာဝန်ကို ငှက်ပျောသီးပေးပြီးဆေးကုခိုင်းမလို့တဲ့ မမကြီးနဲ့ ကိုကိုကြီးသာ ကြားရင်တော့ဖြင့် အော်ရယ်ရချည်ရဲ့ "

" ငါတယ် ငါရိုက်လိုက်ရ သွားငါပြောသလိုလုပ် နက်ဖြန်သွားမယ် အဆင်သင့်ပြင်ထား အော် နောက်ဘေးက ဘူးသီးလဲခူးလိုက်အုန်း ၊ ငရုတ်သီးပါထည့်လိုက် အိုကွားရှုပ်ပါတယ်လေး ခြံထဲစိုက်ထားတဲ့အရွက်တေမှန်သမျှခူးခဲ့"

"ဟုတ် "

.......

ဆောင်းတွင်းကာလမို့ သိပ့်ကို အေးလွန်းလှပါတယ်

အသင့်ပြင်ထားတဲ့ အိပ်ယာလေးပေါ်လှဲလိုက်ရင်း လက်ထဲက ဖုန်းကိုဖွင့်လိုက်သည်

ကလေးရဲ့ အပြုံးလေးတေ ခေါင်းတညိမ့်ညိမ့် တလှုပ်လှုပ်ကနေတဲ့ video လေးကိုကြည့်ရင်း မျက်ရည်များက တာဝန်မပြတ်ကျလာပြန်သည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now