Part 11

3.1K 226 8
                                    

Unicode.....

ပတ်ဝန်းကျင်တစ်ခုလုံးဟာ မှောင်မိုက်လို့နေသည် /ထိုအမှောင်ထုထဲမှ ထိုးထွက်လာသော မှိန်ပြပြအလင်းရောင်လေးတစ်ခုကတော့ ပြတင်းပေါက်ဆီမှ တိုးဝင်လာသော လေကြမ်းများကြောင့် အငြိမ်မနေ.. လေယူရာယိမ်းနွဲ့နေသော သစ်ရွက်သစ်ကိုင်းကလေးများကဲ့သို့ လှုပ်ခတ်နေသည်..

စွန့်ပစ်မြေရာတွင် တည်ဆောက်ထားသော တိုက်ပုအိမ်ကလေးဟာ လူသူမနေသောကြောင့် ချုံနွယ်ပိတ်ပေါင်းတေနဲ့ထူထပ်လို့နေသည် ထိုပြင် များပြားလှသော ပင့်ကူအိမ်တို့မှာလဲ ထိုအိမ်ကလေးအား တန်ဆာဆင်ထားသော အလှအပ ပစ္စည်းများသဖွယ်..တချို့ခြောက်ခြားစရာ ဇတ်ကားများထဲက အိမ်လေးသကဲ့သို့ဖစ်နေသည်

ခုတော့ ထိုအိမ်ကလေးသို့ အိမ်လည်လာသော လူများရောက်ရှိလို့နေသည်/ ထိုင်ခုံတစ်လုံးပေါ်တွင် မျက်လုံးပေါ်သို့ ပိတ်စ အမဲနှင့်တင်းကြပ်စွာစည်းထားပြီး တဆက်ထဲ ပါးစပ်ကိုပါ မအော်နိုင်လောက်တဲ့ထိ တိတ်များနှင့်အထပ်ထပ်ကပ်ထားသည် လက်နှစ်ဘက်ကိုတော့ ကြိုးနှင့် နောက်ပြန်စည်းထားသေးသည်/

ကျွီ....

ဖုံမှုန့်များနှင့် ကာကွယ်ထားသော တံခါးချပ်တို့မှာ ဘယ်လောက်တောင်ကြာမြင့်နေပြီ မသိ/ တွန်းကန်ဖွင့်လိုက်သော အခါ တကျွီကျွီနှင့် အသံများစွာထွက်ပေါ်လာသည်

အမဲရောင် suitအပြည့်နှင့် လူ၄ယောက်အလည်တွင် အနီရောင် suit ဝမ်းဆက်နှင့်ကောင်မလေးတစ်ယောက်၏လက်၌ သေနတ်အမဲလေးက ကပ်လျှက်...

"နိုးလိုက် ပါးစပ်ပါဖွင့်ပေးလိုက်"

"ဟိတ်ကောင် ထစမ်း"

လူတစ်ယောက်၏အသံအား နားထဲတွင်ဝိုးတိုးဝါးတာကြားနေရသည်/မျက်လုံးအား မနည်းဖွင့်လိုက်တော့ လူအများ၏ပုံရိပ်က ပေါ်တချက်မပေါ်တချက် /မူးဝေပြီးနာကျင်နေသော ခေါင်းမှသွေးတို့က တပေါက်ပေါက်စီးကျနေသည်/(ငါဘာဖစ်သွားတာလဲ) ပြန်တွေးကြည်လိုက်တော့ ရုံးဆင်းတော့ အိမ်ပြန်ဖို့ ကားနားအရောက် အသံတစ်ခုကြားပြီး ခေါင်းကိုအရိုက်ခံရသလိုခံစားလိုက်ရသည်

🔲🎀𝕊  𝕙 𝕒  𝕣🎀🔲  ❗ Zawgyi+ Unicode❗Where stories live. Discover now