Unicode.............................................................
အချိန်ကာလအားဖြင့် ၂လပြည့်တော့မည်။ အိမ့်သည်လိုက်ရသည်က နန်းခင်၏မူလစိတ်ရင်းဟာတည်ငြိမ့်ရင့်ကျက်သည့်မိန်းမသားဆိုသည်ပါ။ ပြဿနာတခုခုဆိုလျှင် ခေါင်းအေးအေးဖြင့်စဉ်းစားလုပ်တတ်သည့် သူမ၏ အကျင့်။
ယဉ်ကျေးသိမ့်မွှေ့သည်ဟု ခေါ်ရမည်ဆိုရင်လဲ မဟုတ်။သေချာတာက အရင်သျှားခက်နွယ်ထက်ပင် တည်ငြိမ်အေးစက်လွန်းသည်ဟုထင်ရပေမည်။ သို့ပေမဲ့အိမ့်ဟာသူနှင့်ဆို အနည်းငယ်ဗီဇကဖျောက်မရ။ သူနှင့်တွေ့လျှင်ကလေးတစ်ယောက်လိုဆိုးချင်သည်။ ဆေးရုံအဆောင်က စိတ်မချလို့ သူနှင့်နေချင်ပါတယ်ဆိုတဲ့ အကြောင်းပြချက်က မခိုင်လုံပေမဲ့ ဂရုလဲမစိုက်ပါ။ အဓိကက သူအနားနေဖို့ဘဲလေ..သူပြန်သတိရဖို့က အိမ့်တာဝန်..
" ကလေးအခုဘယ်မှာလဲ"
"စာကြည့်တိုက်မှာ.."
"ဟုတ်ပီ တို့dutyလဲပြီးပြီဆိုတော့ ဒီနေ့ ညနေလာလည်မယ်နော်"
"အင်း"
..
တိုတိုရင်လိုရင်းကိုသာ ပြောတတ်သည့်ကလေးရယ်ပါ..အခုလို ဖုန်းပြောရဖို့အိမ့်မှာ မနည်းအတိုက်အခံလုပ်ပြီးပေးထားရသည်။ မာနကိုကိုးကွယ်သည့် ကလေးက အိမ့်ပေးတာကိုလုံးဝလက်မခံပါ..နောက်ဆုံး ဖုန်းခနငှားပေးလိုက်သည်ဆိုမ ယူထားလေရဲ့..တကယ်ပါ သူ့ပုံစံဟာ အရင်တုန်းက အိမ့်ကိုယ်ကိုပင် ပြန်မြင်နေရသလိုပင်..
" နန်း ကိုယ်မင်းကိုတကယ်ချစ်တာပါကွာ..ကိုယ့်ကိုစဉ်းစားပေးမလားဟင် ဘယ်လောက်ကြာကြာစောင့်ဆိုလဲစောင့်ပါ့မယ်နော် နော် နန်း"
စာအုပ်စဉ်ကို မှီထားကာ မထူမပါးလှသည့် စာအုပ်လေးနှစ်အုပ်အားလက်နှစ်ဘက်ပိုက်ထားသည့်နန်းခင်က ထိုလူ့အား ခေါင်းအစခြေအဆုံးတချက်ကြည့်လိုက်ရင်းပင် တခုခုကိုစဉ်းစားအကဲခတ်နေဟန်၊ ကြောက်လန့်ခြင်းပုံစံကတော့ဖြင့် နန်းခင်ခင် ဟုခေါ်သည့်သူမနှင့်လုံးဝမအပ်စပ်..အကြောက်တရားဟုသည် မြူမှုန်မျှတောင် တစိုးစိမရှိ
" နန်းလုပ်ပါကွာနော်"
နန်းခင်ပခုံးကို ထိုလူ့လက်များက ဆုပ်ကိုင်လာသည်
YOU ARE READING
🔲🎀𝕊 𝕙 𝕒 𝕣🎀🔲 ❗ Zawgyi+ Unicode❗