Chapter(135)
ဟေးမိသားစုကိုသတင်းပို့လိုက်"သူကစကားပြောပိုကောင်းလာပြီးသူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်းအများကြီးပြောင်းသွားတယ်"ဝူအန်းရီသုန်မှုန်တဲ့မျက်နှာနဲ့လေးလံစွာပြောလိုက်တယ်။
"သူကဝိတ်ကျသွားပြီးသူကလှလာကတည်းကသူ့ကိုယ်သူပိုပြီးယုံကြည်မှုရှိလာတယ်။ငါကတကယ်ကိုစူချင်ခြံဝင်းကိုတောင်ဘက်ခြံဝင်းကကန်ထုတ်ပစ်ချင်တယ်"
သူ့ရဲ့စိတ်အတွင်းထဲမှာတော့သူကဝူရုန်ကိုသတ်ပစ်ချင်နေတာဖြစ်တယ်။
ဝူအန်းချီကသူ့လက်ထဲကဝိုင်ခွင်ကိုလှုပ်ခါလိုက်ရင်းပြောလိုက်တယ်
"ငါတို့အားလုံးကသူတို့ကိုခွဲခြားလိုက်ကတည်းကငါတို့မှာစူချင်ခြံဝင်းကိုဝူမိသားစုကကန်ထုတ်ဖို့အခွင့်အရေးရပါလိမ့်မယ်""အဲဒီနေ့ကမကြာခင်ရောက်လာလိမ့်မယ်လို့မျှော်လင့်တယ်"ဝူရှီးကပြောလိုက်ပြီးဝိုင်ခွက်ကိုတစ်ချိုက်ထဲမော့သောက်လိုက်တယ်။
ဝူဘိုင်ရဲ့နှုတ်ခမ်းတွေကလှုပ်သွားပေမဲ့ သူ နောက်ဆုံးမှာတော့ ဘာမှမပြောဖို့ဆုံးဖြတ်လိုက်ပြီးသူကတိတ်ဆိတ်စွာဘဲထိုင်နေလိုက်တယ်။
နောက်တစ်ရက်မှာတော့ဝူရုန်ကသူ့မိသားစုကိုမကယ်ဘူးဆိုတဲ့သတင်းကဝူမိသားစုတစ်လုံးကိုပြန့်သွားတယ်။အရှေ့ခြံဝင်းနဲ့အနောက်ခြံဝင်းကလူတွေကဝူရုန်ကိုလက်ညှိုးထိုးကြပြီး ဒါကဝူရှိကိုဝမ်းနည်းစေတယ်။သူမကသူ့မအကိုက ဒီလိုမျိုးမမျှမတဆက်ဆံခံရတာကိုမခံစားနိုင်ဘူး။
ဝူရုန်က ဒီကောလဟာလတွေကို လျစ်လျူရှူထားလိုက်ပြီး သူကဝူရှိနဲ့အတူ ဝူရှန်းဖိတ်ခေါ်ထားတဲ့ ဇန်းယန်းစားသောက်ဆိုင်ကိုသွားလိုက်တယ်။
စားပွဲထိုးက ဝူရှန်း ကြိုတင်မှာယူထားတဲ့ သီးသန့်ခန်းကို သူတို့ကိုခေါ်သွားလိုက်တယ်။တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ သူတို့ကဝူရှန်း,ဝူရှားနဲ့သူ့သူငယ်ချင်းတွေရဲ့ရယ်သံကိုကြားလိုက်ရတယ်။သူတို့ကမကောင်းဆိုးဝါးပွဲတော်နေ့တုန်းက စွပ်ဖားလှည်းပြိုင်ပွဲမှာပြိုင်ခဲ့ကြတဲ့က ဝူရှားရဲ့သူငယ်ချင်းတွေဖြစ်တယ်။