Chapter(356)
ခန့်မှန်းကြည့်(1)ဝူရုန်သည် အင်ပါယာအမိန့်တော်ဆိုသည့် စကားကို ကြားတော့ သီးလုနီးပါးဖြစ်သွားတယ်"အဟန်း!ဘယ်သူက အင်ပါယာအမိန့်တော်ကို သုံးပြီးတော့ ထုပ်ပိုးဖို့ သတ္တိရှိတာလဲ?"
ဘယ်ဆိုင်ရှင်ကမှ အင်ပါယာအမိန့်တော်ကို မုန့်ထုပ်တဲ့စက္ကူအဖြစ်သုံးဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ဒါက သေဒဏ်ဘဲ။
"......."ကျင်းရှင်
သူက သူတို့အင်ပါယာနန်းတော်ထဲကို ခိုးသွားခဲ့တာကို မဖမ်းမိဖို့ မျှော်လင့်ခဲ့တယ်။ဒါပေမဲ့ မဖြစ်နိုင်တော့ဘူး။သူက ဥကလေးကို ကျင့်ကြံခြင်းစွမ်းရည်တွေထက် စာဖတ်တတ်အောင် သင်ပေးခဲ့သင့်တာ။
ဥကလေးက အင်ပါယာအမိန့်တော်ဆိုတာ ဘာလည်းဆိုတာ မသိပါဘူး။
ဟေးရွမ်ရီက ကိတ်မုန့်တွေကို စားပွဲပေါ်က ပန်းကန်ပြားထဲကို ထည့်လ်ုက်ပြီး အင်ပါယာအမိန့်တော်မှာ ရေးသားထားတဲ့ စာတွေကို ဖတ်လ်ုက်တယ်။
ဝူရုန်ကလည်း လျှင်မြန်စွာ ဖတ်ကြည့်လိုက်ပြီး တုန်လှုပ်သွားတယ်။သူက ထခုန်လိုက်ပြီး ပြင်းထန်စွာ ပြောလိုက်တယ်"ထီးနန်းကို ဆက်ခံနိုင်တဲ့သူက သူလား"
ထီးနန်းကိုဆက်ခံနိုင်တဲ့သူက ဒုတိယမင်းသားဖြစ်နေတယ်။
ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီးတော့လဲ?
"ဥကလေးက အင်ပါယာအမိန့်တော်ကို ဘယ်ကယူလာတာလဲ?"
ဥကလေးက အင်ပါယာအမိန့်တော်ဆိုတာကို မသိတာကြောင့် စိတ်ရှုပ်သွားပြီး မေးလိုက်တယ်"ပါးပါး အင်ပါယာအမိန့်တော်က ဘာကိုပြောတာလဲ?"
"ဒီအဝါရောင် ပိုးချည်စကိုပြောတာ"ဝူရုန်က အင်ပါယာအမိန့်တော်ကို ညွှန်ပြပြီးပြောလိုက်တယ်။
ဥကလေးက ဝူရုန်၏မျက်လုံးတွေကို ရှောင်ပြီး ဖြေလိုက်တယ်"သားသားကို မုန့်ဆိုင်ပိုင်ရှင်က ပေးတာ"
"......."ဟေးရွမ်ရီ
"........"ကျင်းရှင်
ဝူရုန်က တခစ်ခစ်ရယ်လိုက်ပြီး ပြောလိုက်တယ်"သားကို မုန့်ဆိုင်ပိုင်ရှင်က ပေးတာတဲ့လား?ဥကလေး သား ဒီနေ့ညစာမစားချင်တော့ဘူးလား?"