Chapter(138)
တကယ်ကိုကံဆိုးတာဘဲဝူရုန်ကလျှောက်ကြည့်လိုက်တဲ့အခါမှာတော့သူကတစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ဟေးရွမ်ရီကိုတွေ့သွားပြီးမေးလိုက်တယ်"ရွမ်ရီ ခင်ဗျားကဒီမှာဘာလုပ်နေတာလဲ?"
ဟေးရွမ်ရီကရှေ့ကိုလျှောက်လာပြီးဝူရုန်ကိုလက်မောင်းထဲဆွဲသွင်းလိုက်ပြီးမေးလိုက်တယ်"မင်းအဆင်ပြေရဲ့လား?"
"ကျွန်တော်အဆင်ပြေပါတယ်"
"အိမ်ပြန်စို့"ဟေးရွမ်ရီကဝူရှိကိုဝူချွင်ချင်လက်ထဲထည့်ပေးလိုက်ပြီးနောက်သူတို့ကထွက်သွားကြတယ်။
ဝူချွင်ချင်ကသူ့သမီးကိုဒီလိုမျိုးမြင်ကွင်းကိုမမြင်စေချင်တာကြောင့်သူကဝူရှိကိုခေါ်ပြီးထွက်သွားလိုက်တယ်။
တခြားလူတွေကတစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီးဘာလုပ်ရမယ်မှန်းမသိဘူးဖြစ်နေတယ်။
"ဘယ်လိုငရဲမျိုးဖြစ်သွားတာလဲ?"အနောက်ဘက်ခြံဝင်းမှလူငယ်တစ်ယောက်ကအသံတိုးတိုးနဲ့ပြောလိုက်တယ်။
သူတို့အားလုံးကဒီနေရာကိုပြဇာတ်ကြည့်ဖို့ခေါ်ထားတာဖြစ်တယ်။ဒါဆိုဝူရှားကယောက်ျားတစ်ယောက်နဲ့ကာမဆက်ဆံတာကိုပြောတာလား?
ဒါကတကယ့်ကိုပြဇာတ်လိုပါဘဲ။ဝူရှားကဘယ်လိုလုပ်ပြီးယောက်ျားတစ်ယောက်နဲ့စားသောက်ဆိုင်မှာလိင်ဆက်ဆံရဲတာလဲ?ဒါကတကယ်ကိုလူမှုဆက်ဆံရေးကိုချိုးဖောက်တဲ့အပြုအမူဘဲ။
"ဒါပေမဲ့သူတို့ကိုကြည့်ရသလောက်တော့ဒီလောက်ထိမရိုးရှင်းဘူးထင်တယ်"လူငယ်တစ်ယောက်ကတီးတိုးပြောလိုက်တယ်။
ဝူရှန်းကသူတို့ပြောနေတာတွေကိုကြားတာနဲ့ဒေါသတကြီးအော်လိုက်တယ်"အပြင်ထွက် မင်းတို့အားလုံးထွက်သွား!"
ဝူအန်းရှူနဲ့ဝူယိုင်ကအနောက်ဘက်ခြံဝင်းမှလူတွေအားလုံးကိုအပြင်ထွက်ခိုင်းလိုက်ပြီးသတင်းမပြန့်စေဖို့သတိပေးလိုက်တယ်။အဲဒီနောက်မှာတော့သူတို့ကတံခါးပိတ်လိုက်တယ်။
အဲဒီအချိန်မှာဘဲဝူရှားကနိုးလာပြီးဝူရှန်းကသူ့ကိုဖက်ထားတာကိုတွေ့ပြီးစိတ်ရှုပ်ထွေးစွာမေးလိုက်တယ်"အကို ကျွန်တော်ကဘာမှားနေလို့လဲ?"