Chapter(38+39)

6.4K 1K 8
                                    

Chapter(38)ဝူပုဖန်

ဝူရုန်သည် ဟေးရွမ်ရီပေးထားတဲ့ လက်ဆောင်တွေထဲမှာ ဝူပုဖန် နောက်ပိုင်းမှာ အသုံးပြုနိုင်တဲ့ မှော်လက်နက် ပစ္စည်းအချို့ကို ရွေးချယ်လိုက်ပြီး သူ၏အဖေနှင့်အတူ ဝူပူဖန်နေထိုင်သည့် ပုဂျင်းခြံဝင်းကို လာခဲ့တယ်။

ဝူရုန်က သူ့ကို တွဲပေးထားတဲ့ ဝူချွင်ချင်ရဲ့အခြေအနေကို လျှို့ဝှက်စွာ စစ်ဆေးလိုက်ပြီး ပြောလိုက်တယ်"အဖေ အဖေရဲ့စိတ်စွမ်းနယ်မြေက အခြေအနေ ဘယ်လိုနေလဲ?"

ဝူချွင်ချင်က ပြုံးပြီး ပြောလိုက်တယ်"အဖေက မစစ်ဆေးရသေးဘူး။ဒါပေမဲ့ အခုနောက်ပိုင်းပိုပြီးနေလို့ကောင်းလာတယ်။နောက်လဝက်လောက်ဆိုရင် စိတ်စွမ်းအင်ကို ထုတ်ဖော်နိုင်လောက်ပြီ"

သူ၏အဖေက ပိုပြီးအခြေအနေ ပိုကောင်းလာတာကို ဝူရုန်က နားလည်တာကြောင့် ပြောလိုက်တယ်"ကောင်တယ်။ရွမ်ရီက အဖေ့ကို ပြောခိုင်းလိုက်တယ်။အဖေ ဆေးရည်စိမ်တဲ့အချိန်မှာ စိတ်စွမ်းအင်စုစည်းဆေးပင်တွေကိုလည်း ထည့်ရမယ်။တကယ်လို့ ဒီလိုလုပ်လို့မှ စိတ်စွမ်းအင်တွေကို မထုတ်ဖော်နိုင်သေးရင် စိတ်စွမ်းအင်တွေစုစည်းပါဝင်နေတဲ့ အစားအစာတွေကို နေ့တိုင်းစားရမယ်။ပြီးတော့ အဖေ့ရဲ့စွမ်းအင်ကို ပြန်မရခင် အချိန်အထိ တစ်ယောက်ကိုမှ မသိစေဘဲ ဖုန်းကွယ်ထားရမယ်"

ဝူချွင်ချင်က ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။

ပုဂျင်းခြံဝင်းက ဝူအိမ်တော်၏အလည်မှာ ရေတွေနှင့် ဝန်းရံထားပြီး တိတ်ဆိတ်လှတယ်။ပုဂျင်းခြံဝင်း၏ အလယ်တွင် ပေတစ်ရာ့တစ်ဆယ်မြင့်တဲ့ ခုနှစ်ထပ်ရှိတဲ့ မျှော်စင်တစ်ခုရှိတယ်။မျှော်စင်ထိပ်ဆုံးကနေ ဝူအိမ်တော်အတွင်းရှိ အဆောက်အအုံ့အားလုံးကို မြင်နိုင်တယ်။

ဝူပုဖန်က မနက်တိုင်း သူကိုယ်တိုင်ကြိုးစားမှုကြောင့် ဖြစ်ပေါ်လာသည့် ဝူအိမ်တော်ကို ကြည့်ရတာကို နှစ်သက်တယ်။သူ၏မြင်ကွင်းမှာ ရှိနေသည့် ဝူအိမ်တော်အတွင်းရှိ အဆောက်အအုံတွေကို ကြည့်ရင်း သူ၏နှလုံးသားထဲမှာတော့ ဂုဏ်ယူမှုအပြည့်ရှိနေတယ်။

COTAW(unicode)Where stories live. Discover now