~အပိုင်း(၁)~
//တွေ့ဆုံမှု//
လူတွေက ပြောတယ် "ဘဝက ရုပ်ရှင်မဆန်ဘူး"တဲ့ တစ်ချို့အတွက်လဲ ဟုတ်ရင် ဟုတ်မှာပေါ့။ ကျမအတွက်တော့ မဟုတ်ခဲ့ဘူး။အမ်း....လိင်တူဇာတ်လမ်းတစ်ခု ဆိုပါတော့ ဇာတ်လမ်းလေးရဲ့ အစပိုင်းတွေ့ဆုံမှုလေးက ရိုးရှင်းတယ် ဖြူစင်တယ် အရာအားလုံးရဲ့ စတင်မှုလေးတစ်ခုပေါ့....
~
~
~
~
Broken family ကမွေးလာတဲ့သူတွေမှာ စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်းတွေရှိကြတယ်။ တော်ရုံလည်းစကားမပြောသလို၊သူတို့ချစ်တဲ့သူ ခင်တဲ့သူပေါ် စကားတွေ အများကြီးပြောတတ်ကြတယ်။တော်ရုံနဲ့ မချစ်တတ်သလို ချစ်ပြီဆိုရင်လဲ ရင်ကွဲခံပြီးတော့ကို ချစ်တတ်ကြတယ်....
တကယ်ပြောရရင် ခုချိန်ထိသူ့မှာ ပျော်ရွှင်မှုဆိုတာကို မခံစားဖူးဘူး အချစ်ဆိုတာလဲ ဘာမှန်းမသိဘူး တွေးမိတာတွေတော့ ရှိတယ် တကယ်လို့ အချစ်ဆိုတာ မေမေနဲ့ ဖေဖေ လိုမျိုးဆို သူတကယ် အချစ်ဆိုတာကြီးကို ကြောက်ရွံ့ပါတယ်..
~
မိုးရေတွေစင်ပြီး ကား အဲယားကွန်းကြောင့် ရေငွေ့တွေ ထနေတဲ့ ကားမှန်ကိုပဲအကြောင်းမဲ့စိုက်ကြည့်နေမိတယ်...
သူ့ဘဝက အဲ့ ကားမှန်လိုပဲ ကြိုတင်မှန်းဆလို့မရတဲ့ အနာဂတ်တွေရှိတယ် အပြင်ကို မမြင်ရလောက်အောင် ရေငွေ့တွေ ဖြစ်တည်နေတဲ့ ကားမှန်ကို လက်နဲ့သပ်ချတယ် ဒါပေမဲ့ မိုးရေစင်နေတဲ့ အပြင်မှန်ကို မသပ်နိုင်တဲ့အခါ နဂိုအတိုင်း မှုန်ဝါးဝါးရယ်...
သူမ အရှေ့ကို ကြည့်မိတော့ သူမတူတဲ့ ပုံစံမျိုးနဲ့စောင့်ကြိုနေတဲ့ မြို့ဝင်လမ်းလေး...
ယုဇနဥယျာဉ်မြို့တော် စကားလုံးကို အဂ်လိပ် တစ်ဖက်၊မြန်မာ တစ်ဖက်ရေးထားပြီး အလယ်မှာ လောကနတ် ထိုင်နေသလို ပုံစံမျိုးလေးနဲ့ အဝင်ဝလေးက သပ်သပ်ရပ်ရပ်....