အပိုင်း(6)

10 1 0
                                    

//သဝန်တိုခြင်း//(တတိယအဆင့်)

သူ့မှာ သူငယ်ချင်းတွေအများကြီးရှိတယ် ဒါပေမဲ့ သူတို့က သူငယ်ချင်း သာသာပဲ..

အသက်ကတော့ တမူထူးတဲ့ သူငယ်ချင်းလေးပေါ့..

တခြားသူတွေနဲ့ ဖုန်းပြောရင် အကြာဆုံး ၁၅မိနစ်
အသက်နဲ့ ဖုန်းပြောရင်တော့ အနည်းဆုံး ၁နာရီ..

ဘာအကြောင်းတွေ ပြောကြလဲ မေးရင်တော့ သို့လောသို့လော အကြောင်းတွေ အများကြီးပေါ့....

သူ ယုဇန ကိုပြန်ရောက်တော့ လက်တွေကို ဆန့်တမ်းပြီး တဝကြီးရူသွင်းပြစ်လိုက်တဲ့ လေထုကလတ်ဆတ်နေတာမျိုးမဟုတ်ပေမဲ့ သူ့အတွက်တော့ လန်းဆန်းစေတဲ့ လေထုပဲ...

အိမ်ထဲ ပြေးဝင်ပြီး ခရီးပန်းလာတာတွေ အတိုးချ အိပ်ဖို့ ကုတင်ပေါ် ပစ်လှဲလိုက်တယ်..

မြန်မြန် အိပ်
မြန်မြန်အနားယူပြီး
မြန်မြန် အသက်နဲ့သွားတွေ့ရမှာဖြစ်တယ်....

~

~

Time Skip.....

နှစ်တွေ၊လတွေပြောင်းလဲလာတယ်။ သူကိုယ်တိုင်ကကော ပတ်ဝန်းကျင်ကပါ ပြောင်းလဲမှုတွေကိုအများဆုံးတွေ့ရတယ်။ မပြောင်းမလဲရှိနေသေးတာက သူနဲ့ အသက်ရဲ့ ဆက်ဆံရေးတွေပေါ့။ အရင်က ဒီလိုမျိုးနေရလဲ အဆင်ပြေပေမဲ့ ခုကခေတ်ကာလမတူညီဘူး။ ရှုံချမှုတွေလဲမရှိတာကြောင့် သူအသက်ကိုပိုင်ဆိုင်ချင်လာတယ် ။

သူငယ်ချင်းဆိုတဲ့ ခေါင်းစဥ်အောက်သူဆက်မနေချင်တော့ ဘူး ။ တကယ်တမ်းပြောရရင် အသက်ကို သူချစ်မိနေတာမဟုတ်ရင် သူနဲ့အသက်ကမတည့်လောက်ဘူး ။ သူအီစီကလီ လုပ်လို့ အယူဆ လွဲမှားမိသလား ထင်ရအောင် သူမနဲ့လက်ပွန်းတတီးရှိတဲ့သူတွေ နည်းတာမှမဟုတ်...

သူပြောတယ် "နင်ကငါ့ရဲ့ best friend ပဲ" တဲ့

သူပြောတယ် "ငါ နင့်ကိုပဲ ချစ်တာပါ" တဲ့

မယုံကြည်ချင်တော့ဘူး ဘာတွေ ဘယ်လိုလိမ်ညာနေဦးမှာလဲ ဘေးမှာရှိနေပေးပါမယ် ဆိုတဲ့သူတွေကို မမြင်ချင်ယောင်ဆောင်ပြီး သူ့အနားမှာရှိနေပေးတာဟာ

ပြန်ချစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲ

ရည်းစားတွေ ထည်လဲ တွဲနေခဲ့တဲ့ သူမကို မျှော်လင့်မိတဲ့ ငါပဲမှားတာ ငါပဲ ကန်းနေခဲ့တာ....

~Fall A Love First Kiss~Where stories live. Discover now