//သဝန်တိုခြင်း//(ဒုတိယအဆင့်)
သဝန်တိုတယ် ဆိုတာကို အဆင့်တွေ ခွဲလို့ရသလား?
သိပ်ရတာပေါ့ သဝန်တိုခြင်းရဲ့ ပထမအဆင့်မှာ နာကျင်မယ် ထုတ်မပြဘူး....
ဒုတိယအဆင့်မှာ သူလိုကိုယ်လိုအရွဲ့တိုက်ချင်လာမယ်....
တတိယအဆင့်မှာ ခံစားချက်တွေ မထိန်းနိုင်ပဲ ပွင့်အံလာမယ်...
တစ်ချို့ စိတ်ကြီးတဲ့သူတွေက တတိယအဆင့်ကို တဟုန်တိုးတက်လို့ ခံစားချက်တွေ ပွင့်အံကြတယ်..
သူလဲ အဲ့သဝန်တိုတယ် ဆိုတာကိုကောင်းကောင်းကြီးခံစားရပါတယ်။ အသက်တွေကြီးလာတာနဲ့အမျှ ပိုလှပြီး လူချစ်လူခင်ပေါ လာတဲ့ အပြည့်ကို သူသိပ်သဝန်တိုရပါတယ်...
ဘယ်ချိန်များသူ့ကို ပစ်လို့သွားမလဲ ဆိုပြီးကြောက်ရပါတယ် သူကမသိလိုက်ခင်မှာပဲ သဝန်တိုခြင်းရဲ့ တတိယအဆင့်ကိုရောက်ခဲ့ဖူးပါတယ်.....
သူများတွေရဲ့ တတိယအဆင့် ရလဒ်တွေက ဘာလိုမှန်းမသိပေမဲ့ သူ့ရဲ့ တတိယအဆင့်တော့ စိတ်ပျက်ဖွယ်....
စနောက်တယ် လို့ နာမည်တတ်သူကို
စနောက်ပါတယ်လို့ပဲ တုံ့ပြန်နိုင်ခဲ့တယ် သူစစပြောတဲ့စကားလေးမှာတင် ကိုယ်က ရစရာမရှိအောင် ကွဲကြေသွားခဲ့တယ် 'ငါနင့်ကိုမကြိုက်ဘူး' ဆိုပဲ အဲ့နေ့ကသူငိုခဲ့တယ် ဘယ်လောက်ထိ ငိုခဲ့လဲ ဆိုတာကိုတော့ ရွဲစိုနေတဲ့ခေါင်းအုံးလေးကိုပဲ သက်သေထူနိုင်ပါတယ်..အဲ့နောက် သူကောင်လေးတစ်ယောက်နဲ့တွဲတယ် အပြည့်ကချောတယ်လှတယ် ဆိုပေမဲ့ သူကလဲ ရုပ်ရည်အသင့်အတင့်ရှိတယ်မိန်းကလေး သူ့ဘေးမှာ မိန်းကလေးရော ယောက်ျားလေးပါ ဝိုင်းဝိုင်းလည်လို့ ကြိုက်တဲ့သူကို လက်ညိုးထိုးပြီး ကောက်တွဲလို့ရတယ်...
သူက အပြည့်မျက်နှာ တစ်ကမ္ဘာဖြစ်လို့ လာသမျှသူနှင်လွှတ်နေ၍သာ single တစ်ယောက်ဖြစ်နေခြင်း.
သူအဲ့ကောင်လေးနဲ့ တွဲတာကို အပြည့်ကိုအသိပေးတယ် ပြန်ချစ်လိုပြန်ချစ်ညားပေါ့ သို့ပေမဲ့ အင်း ကလွဲပြီး ဘာတစ်လုံးမှ မပြောတဲ့သူ့ကို စိတ်လဲဆိုးတယ် ဝမ်းလဲနည်းတယ် ပြီးတော့ တစ်ဖက်သတ်ချစ်တာက တော်တော် ခံစားရမှန်းလဲ နားလည်သွားပြီ...