အပိုင်း(၃)~~~
//ချစ်ခြင်း//
ဘာလိုလိုနဲ့ 7 တန်း နှစ်တောင်ရောက်လာပြီး ပိုသိလာရတဲ့ ခံစားချက်နဲ့အတူ ပိုဖွံ့ဖြိုးလာတဲ့ ဉာဏ်ရည် ကွဲပြားလာတဲ့ ယူဆချက်တွေ အရ သူ့အနေနဲ့ ရင့်ကျက်ပြီလို့ မပြောနိုင်ပေမဲ့ ခံစားချက်တွေ လွတ်လပ်လာပြီး နေရထိုင်ရ သက်သာတယ် တကယ်တော့ လွတ်လပ်ခြင်း မလွတ်လပ်ခြင်း တွေက ကိုယ့်စိတ်နဲ့ပဲ ဆိုင်တယ် နားထောင်ရမယ်လို့ တသတ်မက်ထဲ မယူဆခဲ့ရင် ခုလိုဖြစ်လာမှာ မဟုတ်ဘူး သူ့ခံစားချက်တွေကို အစောထဲက လွှတ်ထားခဲ့သင့်တာ~~
ခုတော့ သူလက်ခံလိုက်ပြီ သူ အင်ကြင်းစံကို ချစ်တယ် သူငယ်ချင်းလို မဟုတ်ပဲ ချစ်သူရည်းစားလို ချစ်တယ်~~
မတွေ့ရတဲ့ နှစ်တွေ အတွင်း လွမ်းနေခဲ့တာတွေ၊ သူများတွေ ပြောကြတဲ့ သတိရတယ်ဆိုတဲ့ ခံစားချက်ကြီး အပါအဝင် သူ့မျက်နှာပဲ မြင်ယောင်နေတဲ့ ရောဂါ ပါရတော့ လွမ်းရတာ အလူးအလိမ့် ပဲ မလို့ တွေ့ရတော့မယ်ဆိုတဲ့ စိတ်က ထိန်းမရအောင်ထကြွနေတယ် သွားနေတဲ့ ခြေလှမ်းတွေက ပေါ့ပါးပြီး လေပေါ်ပျံနေသလိုပဲ..
အလှမ်းဝေးလှတဲ့ အိမ် ကနေ ကျောင်းကို ခြေလျင် ဘယ်လိုတောင် ရောက်သွားမှန်းမသိ..
ကျောင်းရောက်တော့ တစ်ယောက်စ နှစ်ယောက်စသာရှိသေးတယ် ..
ထုံးစံအတိုင်း ဝရံတာနဲ့နီးစပ်ရာ ခုံတစ်ခုမှာပေါ့ ငေးနေကြဖြစ်တဲ့ ကျောင်းနောက်ဘက်ဝန်း ဟာလဲ ဒီနေ့မှ ပိုကြည့်ကောင်းနေသလို မျက်စိထဲ တွေ့လေရာ အကောင်းထင်နေတော့ ခက်သားး
အတွေးတွေထဲ ဒီနှစ်မှာ ဘယ်လိုမျိုးလေး ဖြစ်နေလေမလဲ ဆိုပြီး တွေးရတာလဲ အမော ကျောင်းစတက်တဲ့ရက်မှာပင် သူအလုပ်တွေ များနေလေပြီ~~
တော်တော်ကြာမှ ရောက်လာတဲ့ သူမကို လှမ်းဖက်လိုက်တယ် သူမဘက်ကတော့ သူငယ်ချင်းတစ်ယောက် ရိုးရိုးတန်းတန်းဖက်တာလို့ ထင်သွားနိုင်ပေမဲ့ ကိုယ်ကတော့သူထင်သလို ဖြူဖြူစင်စင် ဖက်တာရယ်လို့မဟုတ်ခဲ့ဘူး
~
~
~
လွမ်းတယ် ဆိုတဲ့ ခံစားချက်ကြီးကို နွေရာသီ ကျောင်းပိတ်ရက်အတွင်း သိမ်းထားရပြီး နောက်ဆုံးတော့ ပြန်ဆုံရမယ့်နေ့ရက်လေး ရောက်လာလို့ သူအရမ်းပျော်ပါတယ်။