အပိုင်း(4)

18 3 2
                                    

//သဝန်တိုခြင်း//(ပထမအဆင့်)

ချစ်တယ် ဆိုတဲ့နေရာမှ မရှိမဖြစ်ပါတာလေးကတော့ သဝန်တိုတယ် ဆိုတဲ့အရာပါပဲ~

သူ့ကို ဘယ်သူမှထိတာမကြိုက်ဘူး ငါကလွဲလို့
ဘယ်သူနဲ့မှတွဲလို့မမြင်ချင်ဘူး ငါကလွဲလို့
ဘယ်သူကိုမှပိုသာလို့မဆက်ဆံစေချင်ဘူး ငါကလွဲလို့

ချစ်ခြင်းကို အတ္တလေးနည်းနည်းထပ်ပေါင်းလိုက်တာပဲ တစ်ချို့ကပြောကြမယ် နင်မပိုင်သေးတဲ့အရာတစ်ခုပေါ် ဘာကြောင့် သဝန်တိုနေတာလဲ ဆိုပြီးမေးကြလိမ့်မယ်~~

သူသိနေတာမှ မဟုတ်တာ ငါမှာ သဝန်တိုခွင့်လေးတော့ရှိလိမ့်မယ်မလား?

7တန်းအပြီး နွေရာသီ ကျောင်းပိတ်ရက် သူနဲ့အဆက်အသွယ်ပြတ်နေခဲ့တယ် လွမ်းပေမဲ့ သွားလဲ မတွေ့နိုင်~

တစ်လျှောက်လုံးဘာအဆက်အသွယ်မှ မရခဲ့တာမို့ ပိုလို့တောင် အလွမ်းပိုနေရတယ်~~

သူငယ်ချင်းတစ်ယောက်ဆီကနေ အသက်က Viber သုံးတယ် ဆိုတဲ့ အကြောင်းကိုသိရတယ်

အဲ့တာကြောင့် သူ့မှာ ချက်ချင်းတွေ Viber ကောက်ဖွင့်ပြီး အလုပ်တွေရှုပ်လိုက်ရသေးတယ်

သူမ မှတ်မိအောင်လို့ သူ့ကိုကျောင်းတုန်းက ဆက်ဖူးတဲ့ ဖုန်းနံပါတ်နဲ့ အကောင့်ဖွင့်ပြီး Profile မှာတောင် ကိုယ်ပုံကိုယ်ရိုက်ပြီး တင်လိုက်ရသေး..

အင်ကြင်းစံ ဆိုတဲ့ စနေသမီးက နည်းနည်းမူတတ်ပါတယ် ရူးကလည်းရူးသေး ဒါပေမဲ့ သူ့မှာ သူများနဲ့မတူတဲ့ ပုံစံနဲ့‌တွေးတတ်တဲ့ ရွှေချထားဖွယ်ဦးနှောက်ကြီးရှိသတဲ့..

အခြားသူတွေဆို ကိုယ့်Crush က ကိုယ့်ကို လာ hi တာနဲ့ ချက်ချင်းစာပြန်ကြမှာပေမဲ့ သူကတော့ နေ့လည် 2 နာရီက ပို့ထားတဲ့စာကို ညနေ7နာရီလောက်မှ စာပြန်လိုက်ပါတယ်..

အကျိုးဆက်ကြီးကတော့ 'ဘာတွေလုပ်နေလို့ ခုမှစာပြန်တာလဲ' ဆိုပြီး ကပ်ချွဲနေတဲ့ အသက် ဆိုတဲ့ကောင်မ‌လေးကို အူယားနေမိတာပဲ သူကတော့ ဘယ်လိုနေမလဲ မသိပေမဲ့ ဒီမှာတော့ အဲ့လိုလေး လူကို ကပ်ချွဲတိုင်း ဘာလို့အဲ့လောက် ချစ်ဖို့ကောင်းနိုင်ရတာလဲ ဆိုပြီး ဖျစ်ညစ်ပစ်လိုက်ချင်တယ်...

~Fall A Love First Kiss~Where stories live. Discover now