အပိုင်း(၂)~
//သူငယ်ချင်း//
အချိန်နဲ့ဒီရေ သည် လူကို မစောင့် ဆိုသလိုပဲ အသက်တွေ တဖြည်းဖြည်းကြီးပြီး မသိလိုက်ခင်မှာပဲ 6တန်းနှစ်ကိုရောက်လာတယ်...
6တန်းသာပြောပါတယ် ကျောင်းတက်နောက်ကျတဲ့ သူ့အတွက် သူများတွေထက် နှစ်ကြီးနေရတာပေါ့ 2005 Born ဆိုတော့ အင်းးးး
သူ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အပေါ်ယံသက်သက်တွေက များတယ်။ အဲ့လိုတွေကြောင့် ရှေ့နှစ်က ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ခဲ့ဘူး။ သူသတိထားမိတာတော့ရှိတာပေါ့။ သူ့ကို အမြဲကြည့်နေလေ့ရှိပြီး သူငယ်ချင်းလုပ်ချင်နေတဲ့ ဘေးက တစ်ယောက်ကို...
ဒီနှစ်တော့ သူလည်းစိတ်အဆင်ပြေနေပြီမလို့ သူနဲ့ မိတ်ဆက်ကြည့်ရမယ်။
သူအတွေးတွေကို လက်စသတ်ပြီး တစ်နှစ်တိုးလို့ တစ်ထပ်မြင့်သွားတဲ့ အတန်းကိုပဲသွားလိုက်တယ်။ အရင်နှစ်တွေက အခန်းချိန်းတာတွေရှိပေမဲ့ ဒီနှစ်က စလို့ အခန်းချိန်းတာတွေမရှိတော့ စိတ်ထဲဘာကြောင့်မှန်းမသိ ပျော်မိသလိုတော့ ရှိသား....
သူမ အတန်းထဲရောက်တော့ ဘယ်သူ့မှတော့ သိပ်မရှိသေး သူလည်း အတန်းလွတ်တစ်ခုရဲ့ ဝရံတာဘက်ထောင့်မှာ ဝင်ထိုင်လိုက်တယ်....
ခဏနေတော့ အရင်နှစ်တုန်းက သူ့ဘေးမှာ ထိုင်တဲ့ကောင်မလေးရောက်လာတယ်။ သူအခုမှသတိထားမိတယ် သူမက တော်တော် ချောတာပဲ။ ထပ်ပြီး ဘာလို့မှန်းမသိ မိန်းကလေး တစ်ယောက်ကိုချောတယ်လို့ သုံးနှုန်းလိုက်မိပြန်ရော....
သူကတော့ သူ့ဘေးလာမယ် အထင်နဲ့ လွယ်အိတ်တွေဘာတွေ ဖယ်ပေးလို့ သူကတော့ သူ့ရှေ့တည့်တည့်ကခုံမှာ သွားထိုင်တယ်လေ အဲ့တော့ သူမှာ ဘာကြောင့်မှန်းမသိ စိတ်တိုရပြန်တယ်။
ပြီးမှ သူ့ဘာသာ သူ ဘယ်နေရာထိုင်ထိုင် ငါ့ ကိစ္စမှ မဟုတ်တာဆိုပြီး ကိုယ့်ဘက်ကိုယ်ဘဲ တည်တည်နေလိုက်တယ်......
ဟူးး ဒီနေ့မှ စိတ်တွေကလဲ အပြောင်းအလဲမြန်နေလိုက်တာ..
~
မုန့်စားဆင်းချိန်ရောက်သော်~~
"ဟဲ့ နင် မနှစ်က ငါ့ဘေးခုံမှာထိုင်တာမလား?"