Unicode!
ခက်အတွေးများနှင့် စိတ်ရှုပ်နေ၍ အိပ်မရပါ။ ကင်း၏အပြုအမူများအပေါ် သာယာမိသော်လည်း ကင်းမှာ ချစ်ရသူရှိနေသည်မဟုတ်လား။ ကင်းဆီက ဂရုတစိုက်နှင့်မာဖလာပတ်ပေးတာ၊ ခက်ပုခုံးပေါ်မှီအိပ်တာက အစ ကြည်နူးရသည်။ ပင်လယ်ဓားမြစီးတုန်းက ခက့်ကို တင်းကျပ်စွာပြန်လည်ပွေ့ဖက်လာသည်မှာ သူကြောက်လို့ပဲလားဆိုတာ ခက်မတွေးတတ်ပါ။ တစ်ခါတစ်ခါ ကင်းဆီက မ လို့ခေါ်သည်ကို ကြားရသလိုလို မသေချာနေပါ။ အိပ်ပျော်တစ်ချက် နိုးတစ်ချက်နဲ့ နေရောင်ပြပြလေးကို မြင်နေရသည်။
"ဝါးးး... ခုမှ ၈နာရီပဲရှိသေးတယ်... ဟိုကလေးတွေမနိုးလောက်သေးဘူးထင်တယ်... ဆိုင်တစ်ချက်သွားဖွင့်လိုက်အုံးမယ်"
မျက်နှာသစ်၊ အဝတ်အစားလှဲလိုက်ပြီး ကင်းတို့အခန်းဘက်ထွက်လာလိုက်သည်။ တံခါးဖြေးဖြေးဖွင့်ကာ ချောင်းကြည့်တော့ မြင်လိုက်သည့်မြင်ကွင်းက ခက်ကို ဒေါသဖြစ်စေသည်။ ကုတင်ထက်တွင် ကင်းကိုဖက်၍ အိပ်နေကြသည့် ကလျာနှင့်ယွန်း။
"တော်တော်သာယာနေတဲ့ထင်တယ်... ဟွန့် ဘေးမှာအိပ်လည်းရတာကိုး... သူငယ်ချင်းပေမယ့် စည်းတော့ရှိသင့်တယ်"
"သမီး"
"ဟင်... ဟုတ်... မေ"
"သူများအခန်းဘာတွေချောင်းကြည့်ပြီး ရွတ်နေတာတုန်း?"
"အော်... မရွတ်ပါဘူး... သူတို့ထပြီလားကြည့်ကြည့်တာပါ"
"အင်း... သမီးကောအိပ်ရေးဝရဲ့လား? ဆိုင်သွားဖွင့်မလို့လား?"
"ဒီအချိန်ထနေကျဆိုတော့ ဆက်အိပ်မရမယ့်အတူတူ ဆိုင်ခဏသွားဖွင့်လိုက်မယ် မေ... ပြီးရင် သော်သော်တို့နဲ့ထားခဲ့ပြီး ပြန်လာခဲ့မယ်"
"အင်း... ကလေးတွေတော့မနိုးလောက်ဘူးထင်တယ်နော်"
"ဂျူတီကညမှလို့ပြောတယ်... နေ့လည်ထိအိပ်ကြမယ်ထင်တယ်"
"အင်း... မနက်စာလွတ်ကြမှာပေါ့... သမီးအတွက် ထမင်းကြော်ထားတယ်... စားသွားလိုက်"
"ဟုတ် မေ"
.....................
အပြာနုရောင်မျက်နှာကျက်အပြင် ပြတင်းပေါက်ကနေ နေရောင်ထိုးဝင်နေသည်။ မနေ့က အကြောင်းပြန်တွေးမိပြီး ကင်း ကိုယ့်ကိုကိုယ် မယုံနိုင်ဖြစ်မိသည်။ မျှော်မှန်းထားသလိုဖြစ်မလာပေမယ့် ပျော်ရွှင်ခဲ့ရသည်မို့ နောင်တမရပါ။ ဒီထက့် သတ္တိပိုရှိဖို့ ကင်းကြိုးစားရမည်။ ဒါမှ မဗေဒါ အားကိုးချင်တဲ့သူဖြစ်နိုင်မည်မဟုတ်လား။ ကင်းကိုဖက်တွယ်ထားသည့် လက်များကိုတွန်းဖယ်လိုက်သည်။

DU LIEST GERADE
Ma Baydar (မဗေဒါ)
Romantikမေပလ်ကင်း - မချမ်းသာချင်နေပါ. ကိုယ်ဝါသနာပါတဲ့ ဆေးကုတဲ့အလုပ်လုပ်ရင်းနဲ့ပဲ ဘဝကို အေးအေးလူလူ ဖြတ်သန်းချင်တယ်.... ဗေဒါခက် - မွန်းကြပ်လာရင် ဖြေဖျောက်ဖို့ စိတ်ထွက်ပေါက်တစ်ခုလိုတယ်မလား. ဒီလိုပဲ ဘဝကို အရှုံးပေးချင်လာရင် ဒီနေရာမှာပဲ အချိန်ဖြုန်းနေမိတယ်.... သ...