Unicode!
ကင်း
ကင်း မဗေဒါကိုတင်ပြီး ကော်ဖီဆိုင်လေးဆီကို မောင်းနှင်းလာတယ်... မဗေဒါမှာ ချစ်ရတဲ့သူမရှိဘူးလို့ပဲပြောရမယ် ဆိုတဲ့စကားက ရှိတယ်ထက်စာရင် သူ့မှာကြိုးစားခွင့်ရှိတယ်မလား... ကင်းမှာကောရှိလားမေးလာတော့ ကင်း မဗေဒါကိုကြည့်ရင်းဖြေလိုက်မိတယ် ရှိတယ်ဆိုပြီး... ဟုတ်တယ် ကင်း မဗေဒါကိုချစ်မိသွားပြီ... အရင်တုန်းက မိန်းကလေးတွေအပေါ်စိတ်ဝင်စားတယ်ဆိုပေမယ့် မဗေဒါလောက်စွဲလမ်းမနေဘူး... ခုတော့ ညဆို မဗေဒါရင်ခွင်ထဲမှာတိုးဝှေ့ပြီး အနွေးဓာတ်လေးလိုချင်တယ်... မနက်ခင်းနိုးလာရင်လည်း မဗေဒါရင်ခွင်ထဲကနေပဲ နိုးထချင်တယ်... မဗေဒါရဲ့အပြုံးလေးတွေ ကင်းအတွက်ပဲဖြစ်စေချင်တယ်...
"ကင်း... ရပ် ရပ်"
ကင်း ဆိုင်ကယ်ကို ရုတ်တရက်ရပ်လိုက်တော့ မဗေဒါကိုယ်လေး ကျနော့်ဆီလျောကျလာတယ်... မဗေဒါရဲ့လက်တစ်စုံက ကျနော့်ခါးကိုတင်းတင်းဖက်ထားလေရဲ့...
"ဟို မဗေဒါ... ဘာဖြစ်လို့လဲဟင်?"
မဗေဒါ သူ့ကိုယ်လေးကို ပြန်တည့်မတ်လိုက်ပြီး...
"ကင်းက တို့ဆိုင်ကိုမေ့သွားတာလား? ဆိုင်ကိုကျော်သွားပြီရော"
"အာ... ဆောရီး... ဟီးဟီး"
ကင်း အတွေးလွန်ပြီး ဆိုင်ကိုကျော်သွားတာ... ကင်း ဆိုင်ကယ်ကို ပြန်ကွေ့လိုက်တယ်... မဗေဒါရဲ့လက်တစ်စုံကတော့ ကျနော့်ခါးမှာကျန်ရှိနေတုန်းပါ...
"ဖြစ်ရမယ်... စိတ်နဲ့လူနဲ့ကပ်ပါအုံး"
"ဟုတ်"
...........
"ကင်း... ဆိုင်ထဲဝင်ထိုင်အုံးလေ"
"မဝင်တော့ဘူး မဗေဒါရဲ့"
"မဝင်လို့မရဘူး... တို့မေမေ့ကို လိုက်ပြောပေးရအုံးမယ်လေ... သူက စိတ်ပူနေတာ"
"ဟုတ်သားပဲ"
ကင်း ဆိုင်ကယ်ပါကင်ထိုးလိုက်ပြီး မဗေဒါနောက်လိုက်သွားတယ်...
"မေ"
"သမီး... ရောက်လာပြီလား... အယ် ဟိုကလေး"

VOCÊ ESTÁ LENDO
Ma Baydar (မဗေဒါ)
Romanceမေပလ်ကင်း - မချမ်းသာချင်နေပါ. ကိုယ်ဝါသနာပါတဲ့ ဆေးကုတဲ့အလုပ်လုပ်ရင်းနဲ့ပဲ ဘဝကို အေးအေးလူလူ ဖြတ်သန်းချင်တယ်.... ဗေဒါခက် - မွန်းကြပ်လာရင် ဖြေဖျောက်ဖို့ စိတ်ထွက်ပေါက်တစ်ခုလိုတယ်မလား. ဒီလိုပဲ ဘဝကို အရှုံးပေးချင်လာရင် ဒီနေရာမှာပဲ အချိန်ဖြုန်းနေမိတယ်.... သ...