အပိုင်း (၂၃)

2.3K 155 4
                                    

Unicode!

ခက်

ကင်းနှင့်သိတာ လေးလသာရှိအုံးမည်။ လေးလသံယော်ဇဥ်ထဲ ခုန်ဆင်းရမှာ ခက်ကြောက်သည်။ အရင်တစ်ခါတုန်းက ခုန်ဆင်းခဲ့ပြီးမှ နွံနှစ်ခဲ့ရသည်မဟုတ်လား။ ကင်းက အခုမှအညွန့်တလူလူထွက်သည့်အရွယ်၊ ခက်ကိုစိတ်ကစားတာလည်းဖြစ်နိုင်သည်။ အချိန်တစ်ခုတော့ ခက်စောင့်ကြည့်ချင်ပါသည်။ ခက်က အပျော်တွဲရမယ့်အရွယ်လည်း မဟုတ်တော့ပါ။

"တို့ကို ကလေးနားလည်မှာပါ... သူတကယ်ချစ်ရင်ပေါ့"

ဒီနေ့ ၂၀၁၄ နှစ်ကုန်ရက်၊ နောက်နှစ်တွေမှာ ခက်ကိုကောင်းခြင်းတွေသယ်ဆောင်ပေးဖို့မျှော်လင့်မိသည်။ ခက်အနေနှင့် ဒီလိုနေ့မျိုးက စီးပွားဖြစ်သည်မို့ ဘားတွင် customers တွေအတွက် discounts အစီအစဉ်နှင့် လက်ဆောင်အစီအစဥ် ပြုလုပ်ထားပေးသည်။ ကင်းတို့ကလည်း ဘားသို့လာရောက်ကာ နှစ်သစ်ကူးကိုကြိုကြမည်ဖြစ်သည်။

ဘားသို့သွားရန် ခက် အိမ်အောက်ထပ်ကိုဆင်းလာသည်။ ဧည့်ခန်းတွင်မူ မေမေနှင့်ဖေဖေ တီဗွီကြည့်နေကြသည်။ ကင်း ဂစ်တာလာတီးသည့်နေ့ထဲက ခက်နှင့်ဖေဖေ စကားမပြောဖြစ်ကြပါ။ ခက်ရှောင်နေခဲ့သည်ဆိုပိုမှန်ပေမည်။ ဖေဖေ့ဆီက မေးလာမည့်မေးခွန်းတွေအတွက် ခက်မှာ အဖြေမရှိနေပါ။ ခက်နှုတ်ဆက်ပြီး အပြင်ကိုထွက်လာလိုက်သည်။

"အလင်း"

"ခက် ရောက်လာပြီလား"

"အင်း... နင်ကတော့ အမြဲလန်းတယ်နော်"

"ဒါပေါ့... ကိုယ်တွေအရွယ်က လန်းမှ... မဟုတ်ရင် ဒိတ်အောက်တယ်ပြောခံရမယ်"

"အဲ့လောက်လည်း မအောက်သေးပါဘူးဟယ် နင်ကလည်း"

"ဒါနဲ့... နင့်ကလေးကို အဖြေမ‌ပေးသေးဘူးလား? ငါ့ကို အဲ့လိုလေး အိမ်ရှေ့မှာ ဂစ်တာတီးသီချင်းဆိုပြရင် အဖြေတန်းပေးလိုက်မှာသိလား"

"နင်ကိုက ယွစိန်ကိုး"

"ကဲ ပြောပါ... ဘယ်တော့အဖြေပေးမှာလဲ?"

"မသိသေးဘူး"

"ဟယ်... ကလေးကိုမနှိပ်စက်ပါနဲ့... ချစ်ရင်ချစ်တယ်ပြောလိုက်တော့လေ... သနားပါတယ်"

Ma Baydar (မဗေဒါ)Opowieści tętniące życiem. Odkryj je teraz