အပိုင်း (၂၉) +

3.7K 143 6
                                    

Unicode!

ကင်း

ကင်း ရေချိုးပြီး ညအိပ်ဝတ်စုံလှဲကာ အိပ်ရာထက်တွင်လှဲလျောင်းနေလိုက်သည်။ မကတော့ ရေသွားချိုးနေသည်။ နေ့လည်က အဖြစ်အပျက်ကိုတွေးမိပြီး ကိုယ့်ကိုကိုယ်ဒေါသဖြစ်မိသည်။ မရှေ့မှာ ဒေါသကိုမထိန်းနိုင်ပဲ သူတစ်ပါးကိုလက်ပါခဲ့သည်မဟုတ်လား။ လန့်သွားသည့် မမျက်နှာက ကင်းစိတ်ထဲကနေကို မထွက်။ ကင်းကဒေါသမကြီးတတ်ပေမယ့် မကိုထိခိုက်စော်ကားတာကိုတော့ ကင်းမခံစားနိုင်ပါ။

"ဟင်းးး"

"ဘာတွေသက်ပြင်းချနေတာလဲ ကလေး?"

"နေ့လည်က အကြောင်းတွေးမိလို့"

"အရေးမပါတာတွေ မတွေးနေပါနဲ့... ကလေးပဲစိတ်ရှုပ်ရမှာ"

"မ... ကင်းကို လက်ပါတတ်သူလို့ မထင်ဘူးမလားဟင်?"

"ဘာလို့ထင်ရမှာလဲ ကလေးရဲ့... ကလေးက မကိုကာကွယ်ပေးခဲ့တာကို"

"မ လန့်သွားခဲ့တာလေ"

"အဲ့တာက ကလေးလို့မထင်ထားလို့လေ... အဲ့တုန်းက မ အဲ့ဒီလူကို ဒေါသထွက်လွန်းလို့ စိတ်ထိန်းနေရင်း ဆွဲထိုးလိုက်တဲ့သူကလည်း မ လုံးလုံးမထင်ထားတဲ့ ကလေးလေ... အဲ့တာကြောင့် အံ့ဩသွားရတာ"

"အင်း"

"မစိတ်ထဲမှာတောင် ကြည်နူးသွားရသေးတယ်... မ ကလေးလေးက သတ္တိရှိလိုက်တာလို့"

"ဟီးဟီး... ဟိုဘက်က ပြန်မထိုးလို့တော်သေးတယ်"

"ခုကျ ကြောက်တယ်ပေါ့... အဲ့တုန်းက ပြန်ရန်တွေ့နေပြီးတော့"

"ခု ပြန်စဉ်းစားကြည့်မှ လန့်သွားတာ... သူတို့ရုပ်တွေက လူမိုက်ရုပ်တွေနဲ့"

"အင်း... အဲ့တာကြောင့် နောက်ဆို အလိမ္မာနည်းသုံးလို့... ကိုယ်ကမှန်နေရင်တောင်မှ သူတို့ကအန္တရာယ်ပေးနိုင်တယ်"

"ဟုတ် မ... ကင်း သတိထားပါ့မယ်"

"လိမ္မာတယ်... လာ... ဆုချမယ်"

"နှုတ်ခမ်းလေးကိုဆုချနော် မ... ကြိုပြောတာ"

"ဟုတ်ပါပြီ... ခစ်ခစ်"

Ma Baydar (မဗေဒါ)Donde viven las historias. Descúbrelo ahora