1

10.5K 247 2
                                    

သူမက အမြဲတမ်း အဲ့ဒီကောင်လေးကို ငေးကြည့်နေခဲ့မိတယ်။

" အရုဏ်လင်း.... အရုဏ်လင်း... "

ဟိုးရှေ့ဆုံးတန်းကကောင်လေးကို နောက်ဆုံးတန်းကနေပြီးတော့ပေါ့...

ဘယ်အချိန်ကတည်းက သူ့ကို အမြဲငေးနေမိခဲ့တာလဲဆိုတာ သူမ မမှတ်မိဘူး။ အဲ့ဒီလောက်တောင် ကြာခဲ့ပြီလို့ ဆိုလိုတာလေ။

ဖြစ်နိုင်တာကတော့.... သူမဒီကျောင်းကိုစရောက်တဲ့ ၅တန်းလောက်ကတည်းက သူ့ကို ငေးကြည့်နေခဲ့တာပဲ နေမှာ။ ဆံပင်ခွေခွေတွေနဲ့ သူ... အပြာရောင်ပါတဲ့အဝတ်အစားတွေ ခဏခဏဝတ်တတ်သူ... စာအုပ်ဆို U brand ပဲ အမြဲကိုင်တတ်ပြီး ဂျပန်anime ရုပ်ပုံပါတဲ့ စာအုပ်တွေ သဘောကျတဲ့သူ။ နောက်ပြီး အဲ့ဒီကောင်လေးကို တစ်ခြားသော အတန်းတွေက မိန်းကလေးတွေကပါ အားလပ်ချိန်တွေမှာ မသိမသာ လာလာရှိုးရတဲ့သူ...

အဲ့ဒီကောင်လေးကို သူမက ဘာလို့ငေးနေမိသလဲ... ဘယ်တုန်းကမှ ကိုယ့်ကိုကိုယ် မမေးမိခဲ့ဘူး။ စာတော်တဲ့ကောင်လေးဆိုပြီးတော့လား... ရုပ်ချောတဲ့ကောင်လေး... အရပ်ရှည်တဲ့ကောင်လေးဆိုပြီးတော့လား... ဒါမှမဟုတ် တစ်ခြားတစ်စုံတစ်ခုကြောင့်လား... ဆိုတာကို သူမက အဲ့ဒီနေ့မှာမှ ကိုယ့်ကိုကိုယ် ပြန် မေးမိခဲ့တယ်။ ပထမဆုံး သူ... သူမဆီကို တည့်တည့် ပြေးလာတဲ့ နေ့ကပေါ့...

အဲ့ဒီနေ့ကမှ သူနဲ့ ပထမဆုံးအကြိမ် မျက်လုံးချင်းဆုံခဲ့ရပြီး သူမနားလည်သွားတာ။

သူမက... အဲ့ဒီကောင်လေးကို ချစ်နေတာလို့...

" အရုဏ်လင်း.... အရုဏ်လင်း.... ပြေးထား.... "

နားထဲမှာ သူ့နာမည်ကို ရွတ်ဆိုအော်ဟစ်နေတဲ့ ကောင်မလေးတွေရဲ့ အသံတွေက ဆူညံနေတာပဲ။ အရုဏ်လင်းဆိုတဲ့ ထိုကောင်လေးကတော့ သူမဆီကို တည့်တည့်ကြီး ပြေးလာလို့... လက်ကိုလည်း သူမဆီ ကမ်းထာလိုက်သေးတယ်။

" အရုဏ်.... ပြေးထား.... "

ရင်းနှီး​နေတဲ့ မိန်းကလေးတစ်ယေက်အသံကိုလည်း သူမကြားလိုက်ရတယ်။ အဲ့ဒါ သူမတို့ ၈တန်း Aခန်းရဲ့ အတန်းခေါင်းဆောင် ဟန်မေဝင်းမောင်ရဲ့ အသံ...

Dear Sunshine Where stories live. Discover now