6_end.

6.4K 297 18
                                    

နေရောင်ကို ကြောက်တဲ့ ပန်းကလေးတွေရှိတယ်တဲ့။ အရုဏ်တက်တာနဲ့ အဲ့ဒီပန်းကလေးတွေက အပင်ပေါ်က ခုန်ဆင်းသေဆုံးကြတော့တာပဲ။

သူမဟာ အဲ့ဒီပန်းကလေးတွေလိုများ ဖြစ်နေမလား။ အမြဲ သူ့ဆီကထွက်ပြေးနေတာ။ ပုန်းရှောင်နေတာ...

ချစ်သော သူ့ဆီကနေလေ။

ဒါပေမယ့် ဒီကနေ့တော့ သူမဟာ ချစ်သောလူဆီကနေ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ဝမ်းနည်းစရာကောင်းအောင်လှတဲ့ပန်းချီကားချပ်လေးနဲ့တူတယ်လို့ သူမတင်စားထားတဲ့ ချစ်သော လူသားဟာ သူမအိမ်ရှေ့တံခါးပေါက်ကို ရောက်လာခဲ့တယ်လေ။

" sorry နော်... ငါနောက်ကျသွားလား... "

ညနေခင်းအပြင်ထွက်မှာမို့ဆိုပြီး ပြင်ဆင်ထားလိုက်တာကလည်း တစ်ကိုယ်လုံး သိုးမွေးလုံးကျနေတာပဲ။ သူမကို သူဟာ မရယ်မပြုံး ကြည့်နေခဲ့တယ်။
.
.
.
မှုန်ကုပ်ကုပ် အမျိုးသားနှစ်ယောက်ရယ်... နှုတ်ခမ်းတွေတမင်ဖိပိတ်ထားတဲ့ မိန်းကလေး တစ်ယောက်ရယ်။ ဘယ်လောက်တောင် အသက်ရှူကြပ်စရာ တွေ့ဆုံမှုမျိုးပါလိမ့်။

ပုံမှန်ဆို အဖွဲ့လိုက်တွေ့ဆုံမှုတွေထဲမှာ စကားအနည်းဆုံး သူမကပဲ စကားစရတယ်။

" ဉာဏ်ဉာဏ်.... နင်နဲ့ ဟန်မေဝင်းမောင်နဲ့ ၈တန်းတုန်းက အတူထိုင်ခဲ့ဖူးတယ်မလား... "

" အေး... "

တမင်ကို ဩထားတဲ့ အသံကြီး။ အဲ့ဒီအသံက ဉာဏ်ထွန်းလင်း သူမကို စိတ်ဆိုးနေတတ်တဲ့အခါ ပြောတဲ့အသံမျိုး။

ဘာကို စိတ်ဆိုးနေလဲဆိုတာ သူမသိတာပေါ့။ ညနေအပြင်သွားခါနီးတော့ အရုဏ်လင်းက သူမအ​ဆောင်ရှေ့ထိရောက်လာပြီး နာရီဝက်လောက် ကြိုစောင့်နေခဲ့တာ။ ဉာဏ်ထွန်းလင်းကို အဆောင်လာမခေါ်ဖို့လည်း မှာထားပြီးသား။ ဒါပေမယ့် အရုဏ်လင်းနဲ့ အတူလာမှလို့တော့ ပြောမထားမိဘူးပေါ့။ အဲ့ဒါကို သူမက မြို့ထဲဆိုင်ကယ်စီးရင် ဂန်းတန်းတန်းနဲ့ဆိုပြီး အဆောင်လာခေါ်ရင်း အရုဏ်လင်းနဲ့ ထိပ်တိုက်တွေ့ကြရော။ ဉာဏ်ထွန်းလင်းက သူ့ကိုလိမ်ရကောင်းလားဆိုပြီး စိတ်ဆိုးတယ်။

Dear Sunshine Where stories live. Discover now